Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 20:9

Common Language Bible

ယော​န​သန်​က``ထို​သို့​မ​စဉ်း​စား​ပါ​နှင့်။ အ​ကယ်​၍​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန် စိတ်​ပိုင်း​ဖြတ် ထား​သည်​ကို​ကျွန်ုပ်​သိ​ပါ​မူ​သင့်​ကို မ​ပြော​ဘဲ​နေ​မည်​လော'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

``အ​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့်​အား သေ​ကြောင်း​ကြံ​လေ​ပြီ။ နက်​ဖြန်​နံ​နက်​၌ သတိ​နှင့်​ပုန်း​ရှောင်​၍​နေ​လော့။-

ငါ​သည်​သင်​ရှိ​ရာ​လယ်​ကွင်း​ထဲ​သို့​သွား​၍ ခ​မည်း တော်​အ​နီး​တွင်​ရပ်​လျက်​သင့်​အ​ကြောင်း​ကို​ပြော ပြ​မည်။ သူ့​ထံ​မှ​သ​တင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ ပါ​က သင့်​အား​ပြော​ကြား​ပါ​မည်'' ဟု​ဆို​၏။

ထို​အ​ခါ​ဒါ​ဝိဒ်​က``အ​ကယ်​၍​သင်​၏ ခ​မည်း​တော်​သည်​သင့်​အား​အ​မျက်​ထွက်​၍ ပြန်​လည်​ဖြေ​ကြား​ပါ​က ကျွန်ုပ်​အား​အ​ဘယ် သူ​လာ​၍​အ​သိ​ပေး​ပါ​မည်​နည်း'' ဟု​မေး ၏။

ရပ်​၍​မ​နေ​နှင့်။ မြန်​မြန်​ပြေး​၍​ကောက်​လော့'' ဟု​ဟစ်​အော်​လိုက်​၏။ သူ​ငယ်​သည်​မြား​ကို ကောက်​ပြီး​လျှင် မိ​မိ​သ​ခင်​ရှိ​ရာ​သို့​ပြန် လာ​လေ​သည်။-

ထို​အ​ခါ​ယော​န​သန်​က``ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့ နှစ်​ယောက်​သည်​လည်း​ကောင်း၊ ငါ​တို့​သား​မြေး များ​သည်​လည်း​ကောင်း​ငါ​တို့​တစ်​ယောက်​ကို တစ်​ယောက်​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ကို ထာ​ဝ​စဉ် မ​ပျက်​မ​ကွက်​စောင့်​ထိန်း​နိုင်​ကြ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​မု​ချ​ကူ​မ​တော်​မူ​ပါ လိမ့်​မည်'' ဟု​ဆို​၏။ ထို​နောက်​ဒါ​ဝိဒ်​ထွက်​ခွာ သွား​၏။ ယော​န​သန်​သည်​လည်း​မြို့​ထဲ​သို့ ပြန်​လေ​၏။

ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​ပါ။ သင်​နှင့်​ကျွန်ုပ်​ပြု ထား​ကြ​သည့်​သစ္စာ​က​တိ​ကို​လည်း​တည်​မြဲ စေ​ပါ။ သို့​ရာ​တွင်​အ​ကယ်​၍​ကျွန်ုပ်​မှာ​အပြစ် ရှိ​ခဲ့​သော် သင်​ကိုယ်​တိုင်​ပင်​ကျွန်ုပ်​အား​သတ် ပါ​လော့။ အ​ဘယ်​ကြောင့်​သင့်​ခ​မည်း​တော် လက်​သို့​အပ်​ပါ​တော့​မည်​နည်း'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ