၁ ရာ 20:8Common Language Bibleကျွန်ုပ်အားကျေးဇူးပြုပါ။ သင်နှင့်ကျွန်ုပ်ပြု ထားကြသည့်သစ္စာကတိကိုလည်းတည်မြဲ စေပါ။ သို့ရာတွင်အကယ်၍ကျွန်ုပ်မှာအပြစ် ရှိခဲ့သော် သင်ကိုယ်တိုင်ပင်ကျွန်ုပ်အားသတ် ပါလော့။ အဘယ်ကြောင့်သင့်ခမည်းတော် လက်သို့အပ်ပါတော့မည်နည်း'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
အဗရှလုံက``ငါ့အတွက်လျှောက်ထားပေးရန် သင့်အားဘုရင့်ထံသို့စေလွှတ်လိုသဖြင့် အခေါ် ခိုင်းခဲ့ပါ၏။ ငါသည်အဘယ်ကြောင့်ဂေရှုရမြို့ မှထွက်ခွာ၍ဤအရပ်သို့လာရောက်မိပါသ နည်း။ ထိုမြို့တွင်နေရသည်ကငါ့အတွက်ပို ၍ပင်ကောင်းမည်။ ဘုရင်နှင့်တွေ့ဆုံခွင့်ရရန် ငါ့အတွက်စီစဉ်ပေးစေလိုပါသည်။ အကယ် ၍ငါ့မှာအပြစ်ရှိခဲ့လျှင်မင်းကြီးသည်ငါ့ ကိုအဆုံးစီရင်တော်မူပါစေ'' ဟုယွာဘ အားပြော၏။
ဒါဝိဒ်မင်းသည်သူတို့အားခရီးဦးကြိုပြု လျက်``သင်တို့သည်မိတ်ဆွေအဖြစ်ဖြင့်ငါ့ ကိုကူညီရန်လာရောက်ကြခြင်းဖြစ်ပါမူ ငါသည်သင်တို့အားကြိုဆိုလက်ခံပါ၏။ ငါတို့ဘက်သို့ဝင်ကြလော့။ သို့ရာတွင်သင် တို့သည်ငါ့အားရန်သူများလက်သို့အပ် ရန်လာလျှင်မူကား ငါသည်သင်တို့အား အနာတရပြုမည်မဟုတ်သော်လည်း ငါ တို့ဘိုးဘေးများ၏ဘုရားသည်သင်တို့ပြု သည့်အမှုကိုမြင်တော်မူ၍ သင်တို့အား အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်'' ဟုဆို၏။
အကယ်၍တရားဥပဒေကိုချိုးဖောက်ကာ သေဒဏ်ခံထိုက်သောအပြစ်ကိုကူးလွန်မိ လျှင် အကျွန်ုပ်အားအသက်ချမ်းသာခွင့်ပေး ရန်တောင်းခံမည်မဟုတ်ပါ။ သို့သော်ထိုသူ တို့စွပ်စွဲချက်များသည်အခြေအမြစ်မရှိ ပါလျှင် မည်သူမျှအကျွန်ုပ်အားသူတို့၏ လက်သို့ပေးအပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ် သည်ဧကရာဇ်ဘုရင်ထံအယူခံပါ၏'' ဟု လျှောက်၏။
ထိုအခါသူတို့က ``ငါတို့သည်ကတိမတည်လျှင် ထာဝရဘုရားသည်ငါတို့ကိုသတ်ပါစေသား။ သင်သည်ငါတို့လာရောက်သည့်ကိစ္စ ကိုမပေါက်ကြားစေလျှင် ဤပြည်ကိုထာဝရ ဘုရားငါတို့အားပေးသနားတော်မူသော အခါ ငါတို့သည်သင်တို့ကိုကျေးဇူးပြု မည်ဟုကတိပြုပါ၏'' ဟူ၍ပြန်ပြောလေသည်။
``တန်ခိုးကြီးသောအရှင်သည်ဘုရားဖြစ် တော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား ဖြစ်တော်မူ၏။ တန်ခိုးကြီးသောအရှင်သည် ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါတို့၏ယဇ်ပလ္လင်ကို အဘယ်ကြောင့်တည်ရကြောင်းကိုကိုယ်တော် သိတော်မူ၏။ သင်တို့အားလည်းသိစေလို ပါသည်။ ငါတို့သည်ထာဝရဘုရားအား ပုန်ကန်၍ သစ္စာတော်ကိုမစောင့်ထိန်းလျှင် အသက်ချမ်းသာခွင့်မပေးပါနှင့်။-