Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 20:33

Common Language Bible

ရှော​လု​သည်​ယော​န​သန်​အား​ထိ​မှန်​စေ​ရန် လှံ​တံ​တော်​နှင့်​ပစ်​လိုက်​လေ​သည်။ ထို​အ​ခါ ယော​န​သန်​သည် မင်း​ကြီး​အ​ကယ်​ပင်​ဒါ​ဝိဒ် အား​သတ်​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​တော်​မူ ကြောင်း​ကို​သိ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​ရှော​လ​မုန်​သည် ယေ​ရော​ဗောင်​ကို​သတ် ရန်​ကြိုး​စား​လေ​၏။ ယေ​ရော​ဗောင်​သည်​အီ​ဂျစ် ဘု​ရင်​ရှိ​ရှက်​ထံ​သို့​ထွက်​ပြေး​၍ ရှော​လ​မုန် ကွယ်​လွန်​သည့်​တိုင်​အောင်​အီ​ဂျစ်​ပြည်​တွင်​နေ လေ​သည်။

``ငါ​သည်​သူ့​အား​နံ​ရံ​နှင့်​ကပ်​နေ​အောင်​ထိုး သတ်​အံ့'' ဟု​ကြံ​စည်​ကာ​နှစ်​ကြိမ်​တိုင်​တိုင် လှံ​နှင့်​ပစ်​သော်​လည်း နှစ်​ကြိမ်​စ​လုံး​ပင်​ဒါ​ဝိဒ် ရှောင်​တိမ်း​လိုက်​နိုင်​၏။

ရှောလု​သည်​မိ​မိ​၏​လှံ​တံ​တော်​ဖြင့်​ဒါ​ဝိဒ် အား​နံ​ရံ​တွင်​ကပ်​၍​နေ​အောင်​ထိုး​လိုက် သော်​လည်း ဒါ​ဝိဒ်​ရှောင်​တိမ်း​လိုက်​သ​ဖြင့် လှံ​တံ​သည်​နံ​ရံ​တွင်​စိုက်​လျက်​နေ​၏။ ဒါ​ဝိဒ် ထွက်​ပြေး​လွတ်​မြောက်​သွား​လေ​သည်။

သူ​သည်​ဒေါ​သ​ဖြစ်​လျက်​စား​ပွဲ​မှ​ထ​သွား ပြီး​လျှင် လ​ဆန်း​ပွဲ​တော်​ဒု​တိ​ယ​နေ့​တစ်​နေ့ လုံး​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ဘဲ နေ​၏။ သူ​သည်​ဒါ​ဝိဒ်​အား​ရှော​လု​အ​သ​ရေ ဖျက်​သည့်​အ​တွက်​များ​စွာ​စိတ်​မ​ချမ်း မ​သာ​ဖြစ်​၏။-

အ​ကယ်​၍​မင်း​ကြီး​က`ကောင်း​ပြီ' ဟု​ဆို​ပါ က​ကျွန်ုပ်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​အမျက်​တော်​ထွက်​လျှင် မူ​ကား​မင်း​ကြီး​သည် ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် ပြု​ရန်​အ​ကြံ​ရှိ​ကြောင်း​သင်​သိ​ရှိ​နိုင်​ပါ လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ