Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 20:32

Common Language Bible

ယော​န​သန်​က``အ​ဘယ်​ကြောင့်​သေ​ဒဏ်​ခံ ရ​ပါ​မည်​နည်း။ သူ​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း'' ဟု​လျှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယာ​ကုပ်​သည်​ဒေါ​သ​ထွက်​လျက်``ကျွန်ုပ် သည်​အ​ဘယ်​အပြစ်​ကို​ကူး​လွန်​မိ​ပါ​သ​နည်း။ အ​ဘယ်​ပြစ်​မှု​ကြောင့်​သင်​သည်​ကျွန်ုပ်​နောက်​သို့ အ​ပြင်း​အ​ထန်​လိုက်​ရ​ပါ​သ​နည်း။-

စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့်။

အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။

နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။

``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။ လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''

ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​အ​ပြစ်​ကို ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​အ​သံ​ကုန်​ဟစ်​အော် ကြ​၏။

ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​ပြစ်​မှု​ကို ကူး​လွန်​သ​နည်း။ သူ့​အား​သေ​ဒဏ်​ပေး​ထိုက် သော​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့၊ သို့​ဖြစ်​၍​သူ့​ကို​ကြိမ်​ဒဏ်​ဖြင့်​ဆုံး​မ​၍​လွှတ် လိုက်​မည်'' ဟု​တ​တိ​ယ​အ​ကြိမ်​ဆို​၏။

နိ​ကော​ဒင်​က ``ငါ​တို့​တ​ရား​အ​ရ​အ​ဘယ် အ​မှု​ကို​ကူး​လွန်​ကြောင်း​စစ်​ဆေး​ခြင်း​ကို​မ​ပြု၊ တ​ရား​ခံ​အား​ချေ​ပ​ပြော​ဆို​ခွင့်​ကို​လည်း​မ​ပေး ဘဲ​တစ်​စုံ​တစ်​ယောက်​ကို​အ​ပြစ်​စီ​ရင်​နိုင်​ပါ သ​လော'' ဟု​ဆို​၏။

``ငါ​သည်​သူ့​အား​နံ​ရံ​နှင့်​ကပ်​နေ​အောင်​ထိုး သတ်​အံ့'' ဟု​ကြံ​စည်​ကာ​နှစ်​ကြိမ်​တိုင်​တိုင် လှံ​နှင့်​ပစ်​သော်​လည်း နှစ်​ကြိမ်​စ​လုံး​ပင်​ဒါ​ဝိဒ် ရှောင်​တိမ်း​လိုက်​နိုင်​၏။

ယော​န​သန်​သည်​ခ​မည်း​တော်​ရှော​လု​ထံ ဒါ​ဝိဒ် ၏​ဂုဏ်​ကို​ချီး​ကူး​ပြော​ဆို​၏။ ထို​နောက်``အ​ရှင်၊ အ​ရှင့်​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ပြစ်​မှား​တော်​မ​မူ ပါ​နှင့်။ သူ​သည်​အ​ရှင်​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြစ်​မှား​ခဲ့​ပါ။ သူ​ပြု​လေ​သ​မျှ​အ​မှု များ​အား​ဖြင့် အ​ရှင့်​အ​တွက်​အ​ထောက်​အ​ကူ များ​စွာ​ဖြစ်​စေ​ခဲ့​ပါ​၏။-

သူ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍​ဂေါ​လျတ်​ကို သတ်​ခဲ့​ပါ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောင်​ပွဲ ကြီး​တစ်​ရပ်​ကို​ခံ​စေ​တော်​မူ​ခဲ့​ပါ​၏။ ထို အ​ချင်း​အ​ရာ​ကို​အ​ရှင်​မြင်​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ပြစ်​မ​ရှိ​သူ​တစ်​ယောက် အား အ​ဘယ်​ကြောင့်​ပြစ်​မှား​လို​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ဒါ​ဝိဒ်​ကို​အ​ကြောင်း​မဲ့​သတ် တော်​မူ​လို​ပါ​သ​နည်း'' ဟု​လျှောက်​၏။

ထို​နောက်​ဒါ​ဝိဒ်​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ် ရွာ​မှ​ထွက်​ပြေး​ပြီး​လျှင် ယော​န​သန်​ထံ​သို့ သွား​၍``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို​ပြု မိ​ပါ​သ​နည်း။ အ​ဘယ်​ရာ​ဇ​ဝတ်​မှု​ကူး​လွန် မိ​ပါ​သ​နည်း။ အ​ကျွန်ုပ်​ကို​သတ်​ချင်​ရ​အောင် သင့်​ခ​မည်း​တော်​အား​ကျွန်ုပ်​သည်​အ​ဘယ် သို့​ပြစ်​မှား​မိ​ပါ​သ​နည်း'' ဟု​မေး​၏။

အ​ကယ်​၍​မင်း​ကြီး​က`ကောင်း​ပြီ' ဟု​ဆို​ပါ က​ကျွန်ုပ်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​အမျက်​တော်​ထွက်​လျှင် မူ​ကား​မင်း​ကြီး​သည် ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် ပြု​ရန်​အ​ကြံ​ရှိ​ကြောင်း​သင်​သိ​ရှိ​နိုင်​ပါ လိမ့်​မည်။-

အ​ဟိ​မ​လက်​က``ဒါ​ဝိဒ်​သည်​အ​ရှင်​၏​အ​ပေါ် တွင် သစ္စာ​အ​ရှိ​ဆုံး​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​ပါ​၏။ သူ​သည်​အ​ရှင့်​သ​မက်​တော်​ဖြစ်​သည့်​အ​ပြင် အ​ရှင့်​ကိုယ်​ရံ​တော်​တပ်​မှူး​လည်း​ဖြစ်​သ​ဖြင့် နန်း​တွင်း​သူ​နန်း​တွင်း​သား​အ​ပေါင်း​တို့​၏ ကြည်​ညို​လေး​စား​မှု​ကို​ခံ​ရ​သူ​ဖြစ်​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ