Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 20:27

Common Language Bible

လ​ဆန်း​ပွဲ​တော်​နေ့​အ​လွန်​နောက်​တစ်​နေ့​၌ လည်း​ဒါ​ဝိဒ်​၏​နေ​ရာ​သည်​လပ်​လျက်​ပင်​ရှိ သော​ကြောင့် ရှော​လု​က​ယော​န​သန်​အား``အ​ဘယ် ကြောင့်​ဒါ​ဝိဒ်​သည်​ဤ​စား​ပွဲ​တော်​သို့​ယ​မန် နေ့​က​မ​လာ၊ ယ​နေ့​လည်း​မ​လာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​လက်​သ​မား​ဆ​ရာ​၏​သား​မ​ဟုတ်​လော။ သူ့ အ​မိ​သည်​မာ​ရိ​နာ​မည်​ရှိ​သူ​မ​ဟုတ်​ပါ​လော။ သူ့ ညီ​များ​ကား​ယာ​ကုပ်၊ ယော​သပ်၊ ရှိ​မုန်​နှင့်​ယု​ဒ​တို့ မ​ဟုတ်​ပါ​လော။-

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ထံ​တော် သို့​လာ​ကြ​လော့။ ထို​သ​ခင်​သည်​သက်​ရှိ​ကျောက် ဖြစ်​တော်​မူ​၏။ ထို​ကျောက်​သည်​အ​ဖိုး​မ​တန် ဟု​ဆို​၍ လူ​တို့​ပစ်​ပယ်​ခံ​ရ​သော်​လည်း​ဘု​ရား သ​ခင်​၏​ရွေး​ချယ်​ခံ​အ​ဖိုး​တန်​ကျောက်​ဖြစ် တော်​မူ​၏။-

``ငါ​သည်​သူ့​အား​နံ​ရံ​နှင့်​ကပ်​နေ​အောင်​ထိုး သတ်​အံ့'' ဟု​ကြံ​စည်​ကာ​နှစ်​ကြိမ်​တိုင်​တိုင် လှံ​နှင့်​ပစ်​သော်​လည်း နှစ်​ကြိမ်​စ​လုံး​ပင်​ဒါ​ဝိဒ် ရှောင်​တိမ်း​လိုက်​နိုင်​၏။

သို့​ရာ​တွင်​ရှော​လု​သည်​မိ​မိ​လူ​တို့​ကို​တစ် ဖန်​စေ​လွှတ်​လျက်``သင်​တို့​ကိုယ်​တိုင်​ဒါ​ဝိဒ်​ကို ဝင်​ကြည့်​ကြ​လော့။ သူ့​ကို​အိပ်​ရာ​နှင့်​တ​ကွ ယ​ခု​ပင်​ငါ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​လော့။ သူ့​ကို​ငါ​ကိုယ်​တိုင်​သတ်​မည်'' ဟု​ဆို​၏။-

သို့​သော်​ထို​နေ့​၌​မင်း​ကြီး​သည်​အ​ဘယ်​သို့ မျှ​မိန့်​မြွက်​တော်​မ​မူ။ အ​ကြောင်း​တစ်​ခု​ခု ကြောင့်​ဒါ​ဝိဒ်​သည်​ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ သန့်​စင်​မှု​မ​ရှိ​သ​ဖြင့် မ​လာ​မ​ရောက်​ခြင်း သာ​ဖြစ်​မည်​ဟု​မှတ်​ယူ​တော်​မူ​၏။-

ယော​န​သန်​က``ဒါ​ဝိဒ်​သည်​ကျွန်ုပ်​ထံ​တွင် ခွင့်​ပန်​၍ ဗက်​လင်​မြို့​သို့​သွား​ပါ​သည်။ သူ က`အ​ကျွန်ုပ်​တို့​အား​ကျေး​ဇူး​ပြု​၍​သွား ခွင့်​ပြု​ပါ။-

ဒါ​ဝိဒ်​က``နက်​ဖြန်​နေ့​သည်​လ​ဆန်း​နေ့​ပွဲ တော်​ဖြစ်​၍​ကျွန်ုပ်​သည်​မင်း​ကြီး​နှင့်​အ​တူ စား​သောက်​သင့်​သည့်​အ​ချိန်​ဖြစ်​ပါ​၏။ သို့ ရာ​တွင်​သင်​ကန့်​ကွက်​ရန်​မ​ရှိ​ပါ​လျှင် ကျွန်ုပ် သည်​ကွင်း​ထဲ​သို့​သွား​၍​သန်​ဘက်​ခါ ည​နေ​အ​ထိ​ပုန်း​အောင်း​နေ​ပါ​မည်။-

နာ​ဗ​လ​က​လည်း``ဒါ​ဝိဒ်​ဆို​သူ​မှာ​အ​ဘယ် သူ​နည်း။ သူ​၏​အကြောင်း​ကို​ငါ​တစ်​ခါ​မျှ မ​ကြား​ဘူး​ပါ​တ​ကား။ ယ​ခု​ခေတ်​အ​ခါ ၌​တိုင်း​ပြည်​သည်​ကျွန်​ပြေး​များ​နှင့်​ပြည့် နှက်​လျက်​ရှိ​နေ​လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ