Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 20:26

Common Language Bible

သို့​သော်​ထို​နေ့​၌​မင်း​ကြီး​သည်​အ​ဘယ်​သို့ မျှ​မိန့်​မြွက်​တော်​မ​မူ။ အ​ကြောင်း​တစ်​ခု​ခု ကြောင့်​ဒါ​ဝိဒ်​သည်​ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ သန့်​စင်​မှု​မ​ရှိ​သ​ဖြင့် မ​လာ​မ​ရောက်​ခြင်း သာ​ဖြစ်​မည်​ဟု​မှတ်​ယူ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အောက်​ဖော်​ပြ​ပါ​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင် များ​ကို​ထိ​ကိုင်​မိ​သူ​သည် ည​ဦး​တိုင်​အောင် မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ခွာ​ကွဲ​၍​စား​မြုံ့ ပြန်​သော​တိရစ္ဆာန်​များ​မှ​တစ်​ပါး​အ​ခြား​ခွာ ရှိ​တိ​ရစ္ဆာန်​အား​လုံး​နှင့် အုပ်​ဖမ်း​တတ်​သော​လက် ရှိ​သည့်​ခြေ​လေး​ချောင်း​သတ္တ​ဝါ​အား​လုံး​တို့ ဖြစ်​သည်။ ထို​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင်​များ ကို​သယ်​ဆောင်​သွား​သူ​သည် မိ​မိ​၏​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​လည်း​သူ သည်​ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့် မည်။

ထို​သတ္တ​ဝါ​တို့​ကို​ဖြစ်​စေ၊ ၎င်း​တို့​၏​အ​သေ ကောင်​များ​ကို​ဖြစ်​စေ​ကိုင်​တွယ်​မိ​သူ​သည် ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။-

ထို​အ​သေ​ကောင်​၏​အ​သား​ကို​စား​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ထို အ​သေ​ကောင်​ကို​သယ်​ဆောင်​မိ​သူ​သည် မိ​မိ အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထို​သူ အိပ်​သော​အိပ်​ရာ​ကို​ထိ​မိ​လျှင်၊-

မြို့​ပြင်​တွင်​အ​သတ်​ခံ​ရ​သူ​သို့​မ​ဟုတ် သ​ဘာ​ဝ​အ​လျောက်​သေ​ဆုံး​သူ​၏​အ​လောင်း၊ အ​ရိုး၊ သင်္ချိုင်း​ကို​ကိုင်​တွယ်​မိ​သော​သူ​သည် ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။

ရှ​မွေ​လ​က``အေး​ချမ်း​စွာ​လာ​ခြင်း​ဖြစ်​ပါ သည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ ဇော်​ရန်​ရောက်​လာ​ခြင်း​ဖြစ်​၏။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​၍​ငါ​နှင့်​အ​တူ လိုက်​ခဲ့​ကြ​လော့'' ဟု​ဆို​၏။ ယေ​ရှဲ​၏​သား များ​ကို​လည်း​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ ပြီး​လျှင် ယဇ်​ပူ​ဇော်​ရာ​သို့​လိုက်​လာ​ရန် ခေါ်​ဖိတ်​လေ​၏။

လ​ဆန်း​ပွဲ​တော်​နေ့​အ​လွန်​နောက်​တစ်​နေ့​၌ လည်း​ဒါ​ဝိဒ်​၏​နေ​ရာ​သည်​လပ်​လျက်​ပင်​ရှိ သော​ကြောင့် ရှော​လု​က​ယော​န​သန်​အား``အ​ဘယ် ကြောင့်​ဒါ​ဝိဒ်​သည်​ဤ​စား​ပွဲ​တော်​သို့​ယ​မန် နေ့​က​မ​လာ၊ ယ​နေ့​လည်း​မ​လာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ