၁ ရာ 20:2Common Language Bibleယောနသန်က``ထိုသို့မဖြစ်ပါစေနှင့်။ သင် သည်မသေရပါ။ ကျွန်ုပ်၏ခမည်းတော်သည် အမှုကြီးငယ်မှန်သမျှကိုမပြုမီကျွန်ုပ် အားပြောပြတတ်ပါ၏။ ကျွန်ုပ်ထံမှအဘယ် အရာကိုမျှဖုံးကွယ်ထားလေ့မရှိပါ။ သင့် ကိုသတ်မည်ဆိုသည်မှာမဖြစ်နိုင်ပါ'' ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်ယဇ်နှင့်ပူဇော်သကာများကို အလိုရှိတော်မမူပါ။ တိရစ္ဆာန်တစ်ကောင်လုံးမီးရှို့ရာ ယဇ်တို့ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်တို့ကိုလည်းကောင်း ကိုယ်တော်ရှင်သည်တောင်းတော်မမူပါ။ သို့ရာတွင်ကိုယ်တော်သည်ကိုယ်တော်အား ကြားရန် ကျွန်တော်မျိုးအားနားကိုပေးတော်မူပါပြီ။
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
ငါတို့သည်မီးရှို့ရာသကာ၊ ဘောဇဉ်သကာ စသောသကာများကိုပူဇော်ဆက်သရန်ယဇ် ပလ္လင်တစ်ခုကိုတည်၍ ထာဝရဘုရားအား ပုန်ကန်လျက်ကိုယ်တော်ကိုပစ်ပယ်ကြမည် မဟုတ်ပါ။ ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားစံတော်မူရာတဲ တော်ရှေ့တွင်ရှိသော ယဇ်ပလ္လင်မှလွဲ၍ အခြား မည်သည့်ယဇ်ပလ္လင်ကိုမျှတည်မည်မဟုတ်ပါ'' ဟု ပြန်ပြောကြလေသည်။
သို့ရာတွင်လူတို့ကရှောလုအား``ဣသရေလ အမျိုးသားတို့ကိုအောင်ပွဲကိုခံစေသော ယောနသန်အားသေဒဏ်ပေးပါမည်လော။ သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်မျှမြေသို့ မကျစေရန် အကျွန်ုပ်တို့သည်အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကတိပြုပါ၏။ ယနေ့သူပြုသောအမှု သည် ဘုရားသခင်၏အကူအညီဖြင့်ပြု သောအမှုဖြစ်ပါ၏'' ဟုလျှောက်ထားကြ ၏။ ဤသို့လျှင်လူတို့သည်ယောနသန်အား သေဘေးမှကယ်လိုက်ကြသတည်း။
ထိုနောက်ဒါဝိဒ်သည်ရာမမြို့အပိုင်နာယုတ် ရွာမှထွက်ပြေးပြီးလျှင် ယောနသန်ထံသို့ သွား၍``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိပါသနည်း။ အဘယ်ရာဇဝတ်မှုကူးလွန် မိပါသနည်း။ အကျွန်ုပ်ကိုသတ်ချင်ရအောင် သင့်ခမည်းတော်အားကျွန်ုပ်သည်အဘယ် သို့ပြစ်မှားမိပါသနည်း'' ဟုမေး၏။
ထိုနောက်ယောနသန်သည်ဒါဝိဒ်အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ကျွန်ုပ်ကတိပြု ပါ၏။ ကျွန်ုပ်သည်နက်ဖြန်ခါနှင့်သန်ဘက်ခါ ဤအချိန်တွင်ခမည်းတော်အားစုံစမ်းမေး မြန်းပါမည်။ သင့်အပေါ်တွင်သူ၏စိတ်နေ စိတ်ထားကောင်းမွန်ပါက သင့်ထံသို့ အကြောင်းကြားပါမည်။-
သို့ရာတွင်ဒါဝိဒ်က``သင်ကျွန်ုပ်အားအဘယ် မျှခင်မင်သည်ကို သင်၏ခမည်းတော်ကောင်း စွာသိပါ၏။ သင်သည်စိတ်မချမ်းမသာ ဖြစ်မည်စိုးသဖြင့် သူသည်မိမိ၏အကြံ အစည်ကိုသင့်အားမပြောကြားဘဲနေ လေပြီ။ ကျွန်ုပ်သည်သေဘေးနှင့်ခြေတစ် လှမ်းမျှသာကွာတော့ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင် တည်၍သင့်အားကျိန်ဆိုဖော်ပြပါ၏'' ဟုပြန်ပြော၏။