၁ ရာ 20:1Common Language Bibleထိုနောက်ဒါဝိဒ်သည်ရာမမြို့အပိုင်နာယုတ် ရွာမှထွက်ပြေးပြီးလျှင် ယောနသန်ထံသို့ သွား၍``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိပါသနည်း။ အဘယ်ရာဇဝတ်မှုကူးလွန် မိပါသနည်း။ အကျွန်ုပ်ကိုသတ်ချင်ရအောင် သင့်ခမည်းတော်အားကျွန်ုပ်သည်အဘယ် သို့ပြစ်မှားမိပါသနည်း'' ဟုမေး၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-
ယခုငါရှိနေသေးစဉ်အကယ်၍ငါ့မှာ အပြစ်တစ်စုံတစ်ရာရှိပါက ဘုရားသခင် ၏ရှေ့တော်တွင်လည်းကောင်း၊ ကိုယ်တော်ဘိ သိက်ပေးတော်မူသည့်ဘုရင်၏ရှေ့တွင်လည်း ကောင်း သင်တို့သည်ယခုငါ့အားစွပ်စွဲဖော် ပြကြလော့။ ငါသည်အဘယ်သူ၏နွားကို ယူဖူးပါသနည်း။ အဘယ်သူ၏မြည်းကို မတရားသိမ်းယူဖူးပါသနည်း။ ငါသည် လူတစ်စုံတစ်ယောက်အားလိမ်လည်လှည့် စားမှုကိုသော်လည်းကောင်း၊ ညှင်းဆဲနှိပ် စက်မှုကိုသော်လည်းကောင်းပြုခဲ့ဖူးပါ သလော။ တံစိုးလက်ဆောင်ယူဖူးပါသ လော။ ဤအမှုတစ်ခုခုကိုပြုမိခဲ့သော် ငါသည်မိမိယူမိသည့်အရာကိုပြန် ၍ပေးလျော်ပါအံ့'' ဟုဆို၏။
အကျွန်ုပ်၏ခမည်းတော်၊ ဤမှာကြည့်တော် မူပါ။ အကျွန်ုပ်ကိုင်ထားသည့်အရှင့်ဝတ်လုံစ ကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည်အရှင့် အားသတ်ဖြတ်နိုင်ခွင့်ရရှိခဲ့သော်လည်း ဤ ဝတ်လုံစကိုသာလျှင်လှီးဖြတ်ခဲ့ပါ၏။ အရှင့် အားပုန်ကန်ရန်သော်လည်းကောင်း၊ ဘေးအန္တရာယ် ပြုရန်သော်လည်းကောင်း အကျွန်ုပ်မကြံရွယ် ကြောင်းကိုဤအချက်အားဖြင့် အရှင်မင်း ကြီးကောင်းစွာနားလည်သဘောပေါက်သင့် ပါ၏။ အကျွန်ုပ်သည်အရှင့်အားအဘယ်သို့ မျှမပြစ်မှားခဲ့သော်လည်း အရှင်သည် အကျွန်ုပ်ကိုသတ်ရန်လိုက်လံဖမ်းဆီး လျက်နေပါ၏။-