၁ ရာ 2:27Common Language Bibleပရောဖက်တစ်ပါးသည်ထာဝရဘုရားထံ မှဗျာဒိတ်တော်ကိုပြန်ကြားရန် ဧလိထံသို့ ရောက်ရှိလာ၏။ ထိုဗျာဒိတ်တော်ကားဤသို့ တည်း။ ``သင်၏ဘိုးဘေးအာရုန်နှင့်အိမ်ထောင် စုသားတို့သည် အီဂျစ်ဘုရင်ထံတွင်ကျွန်ခံ နေရစဉ်အခါကငါသည်အာရုန်အား ထင်ရှားခဲ့၏။- အခန်းကိုကြည့်ပါ။ |
ထို့နောက်ရှောလမုန်သည်အဗျာသာအား ထာဝရဘုရား၏အမှုတော်ဆောင်ယဇ် ပုရောဟိတ်ရာထူးမှထုတ်ပယ်တော်မူ၏။ ဤသို့ဖြင့်မင်းကြီးသည်ရှိလောမြို့၌ ယဇ်ပုရောဟိတ်ဧလိနှင့်သားမြေးတို့ကို အကြောင်းပြု၍ ထာဝရဘုရားမိန့်တော် မူသောစကားတော်တို့ကိုအကောင် အထည်ပေါ်စေတော်မူသတည်း။
ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။-
သူတို့နှစ်ယောက်သည်ဧဖရိမ်တောင်ပိုင်း အရပ်နှင့် ရှလိရှဒေသတစ်လျှောက်တွင် ရှာဖွေကြသော်လည်းမြည်းများကိုမတွေ့ ကြ။ သို့ဖြစ်၍သူတို့သည်ရှာလိမ်ဒေသ တစ်လျှောက်တွင်ရှာကြ၏။ သို့ရာတွင်မြည်း တို့သည်ထိုအရပ်တွင်မရှိ။ ထိုနောက်သူ တို့သည်ဗင်္ယာမိန်နယ်တွင်လိုက်၍ရှာကြ၏။ ဤအရပ်တွင်လည်းမြည်းတို့ကိုမတွေ့ ကြ။-
အစေခံက``ဆိုင်းငံ့ပါဦး။ ဤမြို့တွင်သူတော် စင်တစ်ဦးရှိပါ၏။ သူပြောသမျှစကားတို့ သည်အမှန်ပင်ဖြစ်ပျက်လာသဖြင့် သူ့အား လူတို့ရိုသေလေးစားကြပါ၏။ အကျွန်ုပ်တို့ သူ့ထံကိုသွားကြပါစို့။ မြည်းများအား အဘယ်အရပ်တွင်ရှာရမည်ကိုသူသည် အကျွန်ုပ်တို့အားဖော်ပြကောင်းဖော်ပြနိုင် ပါလိမ့်မည်'' ဟုဆို၏။