Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 2:26

Common Language Bible

သူ​ငယ်​ရှ​မွေ​လ​သည်​ဆက်​လက်​ကြီး​ပြင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​လူ​တို့​ရှေ့​၌​မျက်​နှာ ရ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ပေါ​တိ​ဖာ​သည်​ယော​သပ်​အား​ကျေ​နပ်​နှစ်​သက် သ​ဖြင့် သူ​၏​ကိုယ်​ရေး​ကိုယ်​တာ​မှူး​အ​ဖြစ်​ခန့် ထား​လျက် သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​နှင့်​အိမ် မှု​ကိစ္စ​တို့​ကို​အုပ်​ထိန်း​စေ​လေ​သည်။-

ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ဆွဲထား လော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။

ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရလိမ့်မည်။

သူ​ငယ်​သည်​ကြီး​ပြင်း​လျက်​အ​သိ​ဉာဏ်​ရင့်​သန် လာ​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ရှေ့​တွင် ထင်​ထင်​ပေါ်​ပေါ်​အ​မှု​တော်​ကို​စ​၍ မ​ဆောင်​မီ​တော​ကန္တာ​ရ​တွင်​နေ​၏။

သူ​ငယ်​တော်​သည်​ကြီး​ပြင်း​သန်​စွမ်း​လာ​၏။ ဉာဏ်​ပညာ​တိုး​တက်​လာ​၏။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ခံ​စား​လျက်​နေ​၏။

သူ​ငယ်​တော်​ယေ​ရှု​သည်​ကာ​ယ​ညာ​ဏ​ကြီး ပွား​တိုး​တက်​လျက်​ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့ ရှေ့​တွင်​မျက်​နှာ​ပွင့်​လန်း​တော်​မူ​၏။

သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် လူ​အ​ပေါင်း​တို့​၏​ရှေ့​တွင်​မျက်​နှာ ပွင့်​လန်း​လျက်​ရှိ​ကြ​၏။ သ​ခင်​ဘု​ရား​သည်​ကယ် တင်​ခြင်း​ခံ​ရ​သူ​အ​ရေ​အ​တွက်​ကို နေ့​စဉ်​နေ့ တိုင်း​တိုး​ပွား​စေ​တော်​မူ​၏။

ဤ​နည်း​အား​ဖြင့်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​သူ​အား​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။ လူ​တို့​လည်း​ချီး​မွမ်း​ကြ​၏။

ထို​အ​မျိုး​သ​မီး​သည်​သား​ယောကျာ်း​ကို ဖွား​မြင်​၍ သူ​ငယ်​အား​ရှံ​ဆုန်​ဟူ​သော​အ​မည် ဖြင့်​မှည့်​၏။ က​လေး​ငယ်​သည်​လည်း​ကြီး​ပြင်း လာ​ရာ​ဘု​ရား​သ​ခင်​သည်​သူ့​အား​ကောင်း ချီး​ပေး​တော်​မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​ဟန္န​ကို​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သူ​သည်​သား​သုံး​ယောက်​နှင့် သ​မီး​နှစ်​ယောက်​ကို​ရ​လေ​သည်။ သူ​ငယ် ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လျက်​ကြီး​ပြင်း​လာ​၏။

ရှ​မွေ​လ​သည်​ကြီး​ပြင်း​၍​လာ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ရှ​မွေ​လ ဖော်​ပြ​သ​မျှ​သော​အ​မှု​အ​ရာ​တို့​ကို​ဖြစ် ပျက်​စေ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ