``အကျွန်ုပ်၏ခမည်းတော်သည်သင့်အား သေကြောင်းကြံလေပြီ။ နက်ဖြန်နံနက်၌ သတိနှင့်ပုန်းရှောင်၍နေလော့။-
ထာဝရဘုရားကိုသစ္စာစောင့်သောလူစု တော်သည် ထူးမြတ်လှပါသည်တကား။ ငါ၏အနှစ်သက်ဆုံးအရာသည်ထိုသူတို့ နှင့်အတူ နေထိုင်ခွင့်ပင်ဖြစ်ပါ၏။
အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဘို့ မွေးဘွားလျက်ရှိ၏။
သို့သော်ထိုအကြံအစည်ကိုပေါလုနှမ၏ သားသည်ကြားသိသွားသဖြင့် ရဲတိုက်ထဲ ကိုဝင်ပြီးလျှင်ပေါလုအားပြောကြား၏။-
သို့ရာတွင်သူတို့၏အကြံအစည်ကိုရှောလု သိသွား၏။ သူတို့သည်ရှောလုကိုသတ်ရန် နေ့ ရောညဥ့်ပါမြို့တံခါးများတွင်စောင့်နေ ကြ၏။-
ဒါဝိဒ်အားသတ်ပစ်ရန် မိမိကြံစည်တော်မူကြောင်း ရှောလုသည်သား တော်ယောနသန်နှင့်နန်းတွင်းအရာရှိအပေါင်း တို့အားပြောပြ၏။ သို့ရာတွင်ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်ခင်စွဲလန်းသဖြင့်၊-
ငါသည်သင်ရှိရာလယ်ကွင်းထဲသို့သွား၍ ခမည်း တော်အနီးတွင်ရပ်လျက်သင့်အကြောင်းကိုပြော ပြမည်။ သူ့ထံမှသတင်းတစ်စုံတစ်ရာရရှိ ပါက သင့်အားပြောကြားပါမည်'' ဟုဆို၏။
ယောနသန်က``ထိုသို့မဖြစ်ပါစေနှင့်။ သင် သည်မသေရပါ။ ကျွန်ုပ်၏ခမည်းတော်သည် အမှုကြီးငယ်မှန်သမျှကိုမပြုမီကျွန်ုပ် အားပြောပြတတ်ပါ၏။ ကျွန်ုပ်ထံမှအဘယ် အရာကိုမျှဖုံးကွယ်ထားလေ့မရှိပါ။ သင့် ကိုသတ်မည်ဆိုသည်မှာမဖြစ်နိုင်ပါ'' ဟု ဆို၏။
ဒါဝိဒ်က``နက်ဖြန်နေ့သည်လဆန်းနေ့ပွဲ တော်ဖြစ်၍ကျွန်ုပ်သည်မင်းကြီးနှင့်အတူ စားသောက်သင့်သည့်အချိန်ဖြစ်ပါ၏။ သို့ ရာတွင်သင်ကန့်ကွက်ရန်မရှိပါလျှင် ကျွန်ုပ် သည်ကွင်းထဲသို့သွား၍သန်ဘက်ခါ ညနေအထိပုန်းအောင်းနေပါမည်။-