၁ ရာ 19:1Common Language Bibleဒါဝိဒ်အားသတ်ပစ်ရန် မိမိကြံစည်တော်မူကြောင်း ရှောလုသည်သား တော်ယောနသန်နှင့်နန်းတွင်းအရာရှိအပေါင်း တို့အားပြောပြ၏။ သို့ရာတွင်ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်ခင်စွဲလန်းသဖြင့်၊- အခန်းကိုကြည့်ပါ။ |
ဟေဗြုန်မြို့သို့ရောက်သောအခါသူတို့ သည်ဒါဝိဒ်အား``အရှင်၏အသက်ကိုရန် ရှာသောအရှင့်ရန်သူရှောလု၏သားတော် ဣရှဗောရှက်၏ဦးခေါင်းကိုရှုတော်မူပါ။ ယနေ့ထာဝရဘုရားသည်အရှင်မင်းကြီး အား ရှောလုနှင့်သားမြေးတို့အပေါ်တွင် လက်စားချေခွင့်ကိုပေးတော်မူပါပြီ'' ဟုလျှောက်၍ဣရှဗောရှက်၏ဦးခေါင်း ကိုဆက်သကြ၏။
ထိုအခါရှောလုက``သင်တို့သည်ဒါဝိဒ်အား မင်းကြီးသည်သင့်အားသမီးတော်ကိုပေးရ သည့်အတွက်လက်ဆောင်အဖြစ် သင့်ထံမှ ဖိလိတ္တိအမျိုးသားလူသေအလောင်းတစ်ရာ တို့၏အရေဖျားများကိုသာလျှင် ရန်သူ တို့အားလက်စားချေသည့်အနေဖြင့်အလို ရှိတော်မူသည်ဟုပြောကြားလော့'' ဟု အမိန့်ပေးတော်မူ၏။ (ရှောလုဤသို့ပြု ခြင်းမှာဖိလိတ္တိအမျိုးသားတို့၏လက် ဖြင့်ဒါဝိဒ်အသတ်ခံရရန်ဖြစ်၏။-)
ထိုနောက်ဒါဝိဒ်သည်ရာမမြို့အပိုင်နာယုတ် ရွာမှထွက်ပြေးပြီးလျှင် ယောနသန်ထံသို့ သွား၍``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိပါသနည်း။ အဘယ်ရာဇဝတ်မှုကူးလွန် မိပါသနည်း။ အကျွန်ုပ်ကိုသတ်ချင်ရအောင် သင့်ခမည်းတော်အားကျွန်ုပ်သည်အဘယ် သို့ပြစ်မှားမိပါသနည်း'' ဟုမေး၏။