Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 16:14

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​ထံ မှ​ထွက်​ခွာ​သွား​တော်​မူ​၏။ ထို​အ​ခါ​သူ​သည် ကိုယ်​တော်​စေ​လွှတ်​လိုက်​သည့် နတ်​မိစ္ဆာ​၏​နှောင့် ယှက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​လေ​တော့​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သင့်​အား​ထီး​နန်း​အပ်​နှင်း​နိုင်​ရန်​ငါ​ဖယ်​ရှား လိုက်​သည့်​ရှော​လု​၏​ထံ​မှ ငါ​၏​ထောက်​ခံ​မှု ကို​ရုပ်​သိမ်း​သ​ကဲ့​သို့​သင်​၏​ထံ​မှ​ရုပ်​သိမ်း မည်​မ​ဟုတ်။-

မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး​တော် တွင်​ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ​ကြ သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-

ထို​ဝိ​ညာဉ်​က`အ​ကျွန်ုပ်​သည်​အာ​ဟပ်​၏​ပ​ရော ဖက်​များ​ထံ​သို့​သွား​၍​သူ​တို့​အား​လိမ်​လည် ဟော​ပြော​စေ​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝ​ရ ဘု​ရား​က​လည်း`သင်​သွား​၍​အာ​ဟပ်​အား​လိမ် လည်​လှည့်​စား​လော့။ အောင်​မြင်​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​လျှောက်​ထား​၏။

ရှေ့​တော်​မှောက်​မှ​ကျွန်​တော်​မျိုး​အား နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဝိ​ညာဉ်​တော်​ကို​ကျွန်​တော် မျိုး​ထံ​မှ ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။

အ​ကယ်​၍​သူ​တို့​သည်​သား​သ​မီး​များ ကို​ပြု​စု​ကြီး​ပြင်း​လာ​စေ​ကြ​သည့်​တိုင် အောင်​ငါ​သည်​ထို​က​လေး​များ​ကို​ရုပ် သိမ်း​၍​တစ်​ယောက်​ကို​မျှ​အ​သက်​ရှင်​စေ မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့​ကို​စွန့်​ပစ် သော​အ​ခါ​သူ​တို့​သည်​ကြောက်​မက်​ဖွယ် ဘေး​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

သူ​သည်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ ထို​အ​ခါ​ရှံ​ဆုန် သည်​အိပ်​ရာ​မှ​နိုး​ထ​၍​ယ​ခု​တစ်​ကြိမ်​လည်း ခါ​တိုင်း​ကဲ့​သို့​ပင် မိ​မိ​လွတ်​မြောက်​နိုင်​လိမ့် မည်​ဟု​ထင်​မှတ်​၏။ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ခွာ​သွား​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ကို​မူ​သူ မ​သိ။-

ထို​နောက်​သူ​သည်​မဏ္ဍပ်​ဗ​ဟို​တိုင်​မ​ကြီး​နှစ်​ခု ကို လက်​တစ်​ဘက်​စီ​ဖြင့်​ကိုင်​၍​တွန်း​ပြီး​လျှင်၊-

ထို​သ​တင်း​ကို​ရှော​လု​ကြား​ရ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သူ ၏​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သ​ဖြင့် သူ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​ကာ၊-

အ​စေ​ခံ​တို့​က​လည်း​ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ် လိုက်​သည့်​နတ်​မိစ္ဆာ​သည် အ​ရှင်​မင်း​ကြီး​အား​နှောင့် ယှက်​ညှင်း​ဆဲ​လျက်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။-

သို့​ဖြစ်​၍​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် တို့​အား​အ​မိန့်​ပေး​တော်​မူ​ပါ​လျှင် စောင်း​တီး​တတ် သူ​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​မည်။ သူ​သည်​နတ်​မိစ္ဆာ ဝင်​လာ​ချိန်​၌​စောင်း​ကို​တီး​သ​ဖြင့် အ​ရှင်​မင်း ကြီး​သည်​ပြန်​လည်​၍​အ​ကောင်း​ပ​က​တိ​ဖြစ် လာ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

ထို​နေ့​မှ​အ​စ​ပြု​၍​ရှော​လု​ကို​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​နတ်​မိစ္ဆာ​ဝင်​သည့်​အ​ခါ​တိုင်း ဒါ​ဝိဒ်​သည်​စောင်း​ကို​ယူ​၍​တီး​လေ့​ရှိ​၏။ ထို အ​ခါ​နတ်​မိစ္ဆာ​သည်​ထွက်​ခွာ​သွား​သ​ဖြင့် ရှော​လု​သည်​သက်​သာ​၍​တစ်​ဖန်​ကျန်း​မာ လာ​လေ​သည်။

နောက်​တစ်​နေ့​၌​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ နတ်​မိစ္ဆာ​သည်​ရှော​လု​ကို​ပူး​ဝင်​သ​ဖြင့် သူ​သည် သူ​ရူး​သ​ဖွယ်​နန်း​တော်​တွင်း​ဝယ်​ဟစ်​အော် လျက်​နေ​၏။ ရှော​လု​သည်​လှံ​တန်​ကို​ကိုင် ထား​ပြီး​လျှင်၊-

ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ကြောက်​၏။ အ​ဘယ်​ကြောင့် ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​၍ မိ​မိ​ကို​မူ​စွန့်​ပယ်​တော်​မူ​ပြီး​ဖြစ် သော​ကြောင့်​တည်း။-

ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​ကို​နှောင့်​ယှက်​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ငါ့​ကို​ပြန်​၍​ခေါ်​ယူ​ပါ​သ​နည်း'' ဟု​မေး​၏။ ရှော​လု​က``အ​ကျွန်ုပ်​သည်​ဒုက္ခ​အ​ကြီး​အ​ကျယ် ရောက်​လျက်​နေ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့ သည်​အ​ကျွန်ုပ်​နှင့်​စစ်​ဖြစ်​လျက်​ရှိ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​ကျွန်ုပ်​ကို​စွန့် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​သည်​ပ​ရော​ဖက် များ​အား​ဖြင့်​သော်​လည်း​ကောင်း၊ အိပ်​မက် များ​အား​ဖြင့်​သော်​လည်း​ကောင်း​အ​ကျွန်ုပ် အား​ဖြေ​ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင့်​ကို​ခေါ်​ယူ​ရ​ခြင်း ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ မည်​ကို​မိန့်​ကြား​တော်​မူ​ပါ'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ