၁ ရာ 16:13Common Language Bibleရှမွေလသည်သံလွင်ဆီကိုယူ၍ဒါဝိဒ်အား သူ၏အစ်ကိုများရှေ့တွင်ဘိသိက်ပေးလေ သည်။ ထိုနေ့မှအစပြု၍ဘုရားသခင်၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်သို့သက်ရောက် တည်နေတော်မူ၏။ ထိုနောက်ရှမွေလသည် ရာမမြို့သို့ပြန်လေ၏။ အခန်းကိုကြည့်ပါ။ |
ယင်းသို့ဣသရေလအမျိုးသားခေါင်းဆောင် အပေါင်းတို့သည် ဟေဗြုန်မြို့ရှိဒါဝိဒ်မင်းထံ တော်သို့လာရောက်ကြသောအခါ မင်းကြီးသည် ထာဝရဘုရား၏ရှေ့တော်၌ထိုသူတို့နှင့်သစ္စာ မိတ်ဖွဲ့တော်မူ၏။ သူတို့သည်လည်းရှမွေလအား ဖြင့်ထာဝရဘုရားကတိပေးတော်မူခဲ့သည့် အတိုင်း ဒါဝိဒ်အားဘိသိက်ပေး၍ဣသရေလ ဘုရင်အဖြစ်ဖြင့်ချီးမြှောက်ကြ၏။
ထိုနောက်ဘုရားသခင်သည်ရှောလုကိုဖယ် ရှားပြီးလျှင် ဒါဝိဒ်အားဣသရေလဘုရင် အဖြစ်ချီးမြှောက်တော်မူ၏။ ဘုရားသခင်က `ယေရှဲ၏သားဒါဝိဒ်သည်ငါ၏စိတ်တော်နှင့် တွေ့သူ၊ ငါဆောင်ရွက်စေလိုသမျှတို့ကိုဆောင် ရွက်မည့်သူဖြစ်ကြောင်းငါတွေ့ရှိရပြီ' ဟု ဒါဝိဒ်နှင့်ပတ်သက်၍မိန့်တော်မူ၏။-
ကိုယ်တော်သည်အမှန်ကိုနှစ်သက်တော်မူ၍ အမှားကိုမုန်းတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်၏ဘုရားတည်းဟူသော ဘုရားသခင်သည် ကိုယ်တော်အားရွေးချယ်၍ကိုယ်တော်၏ အပေါင်းအဖော်တို့ထက်ပိုမိုချီးမြှင့်ကာ ရွှင်လန်းဝမ်းမြောက်ခွင့်ကိုပေးတော်မူပေသည်'' ဟုမိန့်တော်မူ၏။-
ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-