Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 15:14

Common Language Bible

ရှ​မွေ​လ​က``ယင်း​သို့​ဖြစ်​ပါ​မူ​အ​ဘယ် ကြောင့်​သိုး​နွား​တို့​အော်​မြည်​သံ​ကို​ငါ​ကြား ရ​ပါ​သ​နည်း'' ဟု​မေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး​လှ​သ​ဖြင့် သူ​သည်​မိ​မိ​၏​အ​ပြစ်​ကို​ထာ​ဝ​ရ​ဘု​ရား တွေ့​ရှိ​တော်​မူ​လိမ့်​မည်​မ​ဟုတ်၊ မိ​မိ​အား​အ​ပြစ်​ဒဏ်​လည်း​ခတ်​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟု​ထင်​မှတ်​တတ်​၏။

မော​ရှေ​က​အာ​ရုန်​အား``ဤ​သူ​တို့​သည်​သင့် ကြောင့်​ထို​မျှ​လောက်​ကြီး​လေး​သော​အ​ပြစ် ကို​ပြု​မိ​ရန် သူ​တို့​သည်​သင့်​အား​အ​ဘယ် သို့​ပြု​ကြ​သ​နည်း'' ဟု​မေး​၏။

မင်း​ကြီး​က `အ​ချင်း​အ​စေ​ခံ​ဆိုး၊ သင့်​နှုတ်​ထွက် စ​ကား​အ​တိုင်း​သင့်​ကို​ငါ​စီ​ရင်​မည်။ ငါ​သည် ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​ပိုင်​သည့်​အ​ရာ​ကို သိမ်း​ယူ​တတ်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​မ​စိုက် မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း​တတ် သည်​ကို​လည်း​ကောင်း​သိ​ပါ​လျက်​နှင့်။-

ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-

သို့​ဖြစ်​၍​နောက်​ဆုံး​တ​ရား​စီ​ရင်​တော်​မူ​ရန် သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင် မည်​သူ့​ကို​မျှ​စီ​ရင်​မှု​မ​ပြု​နှင့်။ ကိုယ်​တော်​သည် လျှို့​ဝှက်​ချက်​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ လူ​တို့ ၏​စိတ်​နှ​လုံး​တွင်​ကွယ်​ဝှက်​နေ​သည့်​အ​ကြံ​အ​စည် များ​ကို​လည်း​ကောင်း​ထုတ်​ဖော်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​၏​ထံ​ခံ ထိုက်​သည့်​အ​ချီး​အ​မွမ်း​ကို​ခံ​ကြ​ရ​လတ္တံ့။

ရှော​လု​က``အ​ကျွန်ုပ်​၏​လူ​တို့​သည်​ထို​သိုး နွား​များ​ကို​အာ​မ​လက်​အ​မျိုး​သား​တို့​ထံ မှ​သိမ်း​ယူ​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​အ​ဆူ ဖြိုး​ဆုံး​သော​သိုး​နွား​တို့​ကို အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ထား​ရှိ​ကြ​ပါ​၏။ အ​ခြား​ကျန်​ရှိ​သည့် အ​ရာ​များ​ကို​မူ​လုံး​ဝ​ဖျက်​ဆီး လိုက်​ကြ​ပါ​ပြီ'' ဟု​ဖြေ​ကြား​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ