Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 15:13

Common Language Bible

ရှ​မွေ​လ​သည်​ရှော​လု​ရှိ​သည့်​အ​ရပ်​သို့ ရောက်​သော်​ရှော​လု​က``ကိုယ်​တော်​အား​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​ခဲ့​ပါ​ပြီ'' ဟု​ဆို​၍​ကြို​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သူ့​အား​ကောင်း​ချီး​ပေး​လျက်``ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​မြင့်​ဆုံး​သော ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-

လူ​က​လည်း``ကျွန်​တော်​အား​ကိုယ်​တော်​ပေး အပ်​တော်​မူ​သော​မိန်း​မ​က အ​သီး​ကို​ပေး သ​ဖြင့်​ကျွန်​တော်​စား​မိ​ပါ​သည်'' ဟူ​၍​ပြန် လည်​လျှောက်​ထား​၏။

ထို​သူ​တို့​ထံ​သို့​လူ​အ​ချို့​ကို​စေ​လွှတ်​၍``သင် တို့​သည်​ရှော​လု​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ ခြင်း​အား​ဖြင့် မိ​မိ​တို့​၏​ဘု​ရင်​အား​သစ္စာ စောင့်​ပုံ​ကို​ဖော်​ပြ​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​စေ​သော။-

ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတပါးချီးမွမ်း ပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ၊ ကိုယ်နှင့် မဆိုင်သော သူတပါး ချီးမွမ်းပါလေစေ။

မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။

အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတမျိုး၊

ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောသတ္တံကျမ်းပြီး၏။

ထို​နည်း​တူ​သင်​တို့​သည်​လည်း​မိ​မိ​တို့​အား​စေ ခိုင်း​သည့်​အ​ရာ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ ငါ​တို့​ကား​သာ​မန်​အ​စေ​ခံ​များ​ပင်​ဖြစ်​သည်။ ငါ​တို့​ဆောင်​ရွက်​ရန်​ရှိ​သည့်​တာ​ဝန်​ဝတ္တ​ရား​ကို သာ​လျှင်​ဆောင်​ရွက်​ခဲ့​ကြ​ခြင်း​ဖြစ်​သည်​ဟု' ဆို ကြ​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။

ဖာ​ရိ​ရှဲ​သည်​တစ်​ယောက်​တည်း​ရပ်​လျက် `အို ဘု​ရား သ​ခင်၊ အ​ခြား​သော​သူ​တို့​သည်​လော​ဘ​ကြီး​သူ၊ မ​ရိုး​ဖြောင့်​သူ၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား​သူ​များ ဖြစ်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ကဲ့​သို့ မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ခွန်​ခံ​သူ ကဲ့​သို့​ပင်​မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း ကိုယ် တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-

သူ​သည်​မိ​မိ​၏​မိခင်​အား``မိ​ခင်​၏​ငွေ​တစ်​ဆယ့် တစ်​ပိ​ဿာ​ပျောက်​ဆုံး​သွား​စဉ်​အ​ခါ​က​ခိုး ယူ​သူ​အား မိ​ခင်​ကျိန်​ဆဲ​ခဲ့​သည်​ကို​ကျွန်​တော် ကြား​ရ​ပါ​သည်။ ထို​ငွေ​သည်​ကျွန်​တော့်​မှာ ရှိ​ပါ​သည်။ ကျွန်​တော်​ယူ​မိ​ပါ​သည်'' ဟု ပြော​လေ​သည်။ သူ​၏​မိ​ခင်​က​လည်း``ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။-

ဗော​ဇ​က​လည်း``သင့်​ကို​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ။ ယ​ခု​သင်​ပြု သော​အ​မှု​သည် ယ​ခင်​က​သင့်​ယောက္ခ​မ​အား ပြု​ခဲ့​သည့်​အ​မှု​ထက်​ပင်​ပို​၍ သင်​၏​သစ္စာ​ရှိ မှု​ကို​ပေါ်​လွင်​စေ​ပါ​၏။ သင်​သည်​ဆင်း​ရဲ​သူ သို့​မ​ဟုတ်​ချမ်း​သာ​သူ လူ​ပျို​လူ​ရွယ်​တစ်​စုံ တစ်​ယောက်​ကို​ရှာ​နိုင်​သော်​လည်း​မ​ရှာ​ခဲ့​ပါ။-

ယင်း​သို့​ယဇ်​ပူ​ဇော်​၍​ပြီး​ခါ​နီး​၌​ရှ​မွေ​လ ရောက်​ရှိ​လာ​၏။ ရှော​လု​သည်​သူ့​ကို​သွား​ရောက် ကြို​ဆို​သော်​လည်း၊-

ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​မှန်​ပင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​ခဲ့​ပါ​၏။ ကိုယ် တော်​စေ​ခိုင်း​တော်​မူ​သည့်​အ​တိုင်း​သွား​ရောက် ၍​အာ​ဂတ်​မင်း​ကို​ခေါ်​ဆောင်​ခဲ့​ပါ​၏။ အာ​မ လက်​အ​မျိုး​သား​အ​ပေါင်း​ကို​လည်း​သုတ် သင်​ပစ်​ခဲ့​ပါ​၏။-

သို့​ရာ​တွင်​ရှော​လု​နှင့်​သူ​၏​တပ်​သား​တို့​သည် အာ​ဂတ်​ကို အ​သက်​ချမ်း​သာ​ပေး​၍​အ​ဆူ​ဖြိုး ဆုံး​သော​သိုး​နွား​များ၊ အ​လှ​ဆုံး​သော​နွား သူ​ငယ်​သိုး​သူ​ငယ်​များ​နှင့် ကောင်း​မွန်​သည့် အ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ဖျက်​မ​ဆီး​ကြ။ အ​သုံး​မ​ဝင်​သော​အ​ရာ၊ တန်​ဖိုး​မ​ရှိ​သော အရာ​များ​ကို​သာ​လျှင်​ဖျက်​ဆီး​ပစ်​ကြ လေ​သည်။

ရှော​လု​က``ဤ​သို့​ငါ့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​ကြ​သည့်​အ​တွက် သင်​တို့​အား​ထာ​ဝ​ရ ဘုရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။-

နာ​ဗ​လ​၏​အ​စေ​ခံ​တစ်​ဦး​က နာ​ဗ​လ​၏ ဇ​နီး​အ​ဘိ​ဂဲ​လ​အား``ဤ​အ​ကြောင်း​ကို သ​ခင်​မ​ကြား​ပြီး​ပါ​ပြီ​လော။ ဒါ​ဝိဒ်​သည် တော​ကန္တာ​ရ​မှ​နေ​၍ ကျွန်​တော်​တို့​၏​သ​ခင် ထံ​သို့​စေ​တ​မန်​တို့​ကို​လွှတ်​ကာ​နှုတ်​ဆက် ပါ​၏။ သို့​ရာ​တွင်​သ​ခင်​က​ထို​သူ​တို့​အား စော်​ကား​မော်​ကား​ပြော​ဆို​လိုက်​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ