Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 14:47

Common Language Bible

ရှော​လု​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက် ပြီး​နောက် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ရန်​သူ များ​ဖြစ်​ကြ​သော​မော​ဘ​ပြည်​သား​များ၊ အမ္မုန်​ပြည်​သား​များ​နှင့်​ဧ​ဒုံ​ပြည်​သား များ​ကို​လည်း​ကောင်း၊ ဇောဘ​မင်း​များ​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​လည်း​ကောင်း စစ်​တိုက်​ရ​လေ​သည်။ သူ​သည်​မည်​သည့် အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​သည်​မ​ဆို​အောင် မြင်​သည် သာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သ​မီး​အ​ကြီး​တွင်​သား​တစ်​ယောက်​ဖွား​မြင်​၍ မော​ဘ​ဟု​နာ​မည်​မှည့်​၏။ ထို​သား​သည်​လက်​ရှိ​မော​ဘ​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​သ​တည်း။-

သ​မီး​အ​ငယ်​လည်း​သား​တစ်​ယောက်​ဖွား​မြင်​၍ ဗေ​နမ္မိ​ဟု​နာ​မည်​မှည့်​၏။ ထို​သား​သည်​လက်​ရှိ​အမ္မုန်​လူ​မျိုး​၏​ဖ​ခင်​ဖြစ်​သ​တည်း။

ဧ​ဒုံ​ဟူ​၍​လည်း​နာ​မည်​တွင်​သော​ဧ​သော ၏​အ​ဆက်​အ​နွယ်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-

ဤ​အ​နွယ်​အား​လုံး​တို့​သည်​ဧ​သော​မှ​ဆင်း​သက် လာ​ကြ​၏။

သို့​ဖြစ်​၍​ဧ​သော​သည်​ဧ​ဒုံ​တောင်​တန်း​ဒေ​သ သို့​ပြောင်း​ရွှေ့​နေ​ထိုင်​လေ​သည်။

ခွန်​အား​ကြီး​သူ​တို့​ကို​ပစ်​ခတ်​ရာ​တွင်​လည်း ကောင်း၊ ရန်​သူ​ကို​သတ်​ဖြတ်​ရာ​တွင်​လည်း​ကောင်း၊ ယော​န​သန်​၏​လေး​သည်​အာ​နိ​သင်​ထက်​လှ​၍ ရှော​လု​၏​ဋ္ဌား​သည်​သ​နား​ညှာ​တာ​မှု​မ​ရှိ။

အမ္မုန်​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​အား​မိ​မိ​တို့ ရန်​ဘက်​ပြု​မိ​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​လာ သ​ဖြင့် ဗက်​ရ​ဟော​ဘ​မြို့​နှင့်​ဇော​ဘ​မြို့​တို့ မှ​ရှု​ရိ​စစ်​သည်​နှစ်​သောင်း​ကို​လည်း​ကောင်း၊ တော​ဘ​မြို့​မှ​လူ​တစ်​သောင်း​နှစ်​ထောင်​အ​ပြင် မာ​ခါ​မင်း​နှင့်​လူ​တစ်​ထောင်​ကို​လည်း​ကောင်း ငှား​ရမ်း​ကြ​၏။-

ဒါ​ဝိဒ်​သည်​ဣသ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို အုပ်​စိုး​၍ မိ​မိ​၏​ပြည်​သူ​တို့​အား​တ​ရား မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။-

ထို​နောက်​ရ​ဟော​ဘ​၏​သား​ဇော​ဘ​ဘု​ရင် ဟာ​ဒ​ဒေ​ဇာ​သည် အ​ထက်​ဥ​ဖ​ရတ်​မြစ် အ​နီး​ရှိ​နယ်​မြေ​ကို​ပြန်​လည်​သိမ်း​ပိုက် ရန်​သွား​တိုက်​စဉ်​ဒါ​ဝိဒ်​သည်​သူ့​အား နှိမ်​နင်း​တော်​မူ​၍၊-

ဘု​ရား​သ​ခင်​သည်​ဧ​လျာ​ဒ​၏​သား​ရေ​ဇုန်​ကို လည်း ရှော​လ​မုန်​အား​ပုန်​ကန်​စေ​တော်​မူ​၏။ ရေ​ဇုန် သည်​မိ​မိ​၏​သ​ခင်၊ ဇော​ဘ​ဘု​ရင်၊ ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ထွက်​ပြေး​ပြီး​လျှင်​တော​ပုန်း​အ​ဖွဲ့​ခေါင်း ဆောင်​လုပ်​၍​နေ​လေ​၏။-

ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ထာ​ဝစဉ်​ပျက် ပြုန်း​အောင်​စီ​ရင်​ရန်​အ​လို​တော်​မ​ရှိ​သ​ဖြင့် ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​အား​ဖြင့် သူ​တို့​ကို​ကယ်​တော်​မူ​၏။

ယ​ခု​သင်​တို့​သည်​ခေါင်း​ဆောင်​ကို​ရ​ရှိ​ကြ လေ​ပြီ။ ငါ​မူ​ကား​အ​သက်​အ​ရွယ်​အို​မင်း ၍​ဆံ​ပင်​ဖြူ​လျက်​ရှိ​၏။ ငါ​၏​သား​များ သည်​လည်း​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ငယ်​စဉ်​မှ​အ​စ​ပြု​၍ သင်​တို့​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​ခဲ့​၏။-

ရှော​လု​သည်​လူ​သုံး​ထောင်​ကို​ရွေး​ချယ်​ပြီး လျှင် နှစ်​ထောင်​ကို​မိ​မိ​နှင့်​အ​တူ​မိတ်​မတ်​မြို့​နှင့် ဗေ​သ​လ​တောင်​ကုန်း​ဒေ​သ​အ​တွက်​ခေါ်​ထား​၏။ တစ်​ထောင်​ကို​မိ​မိ​၏​သား​ယော​န​သန်​နှင့်​အ​တူ ဗင်္ယာ​မိန်​နယ်​ဂိ​ဗာ​မြို့​သို့​စေ​လွှတ်​လိုက်​၏။ အ​ခြား လူ​အ​ပေါင်း​တို့​ကို​မူ မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ပြန်​စေ​လေ​သည်။

ထို​နောက်​ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား လိုက်​လံ​တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​လိုက် ၏။ လူ​တို့​သည်​လည်း​မိ​မိ​တို့​နယ်​အ​သီး သီး​သို့​ပြန်​ကြ​ကုန်​၏။

ရှော​လု​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဖိလိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ပြင်း​အ​ထန်​တိုက် ပွဲ​ဝင်​ခဲ့​ရ​၏။ ထို့​ကြောင့်​သူ​သည်​ခွန်​အား​ကြီး သူ​သို့​မ​ဟုတ်​ရဲ​စွမ်း​သတ္တိ​ရှိ​သူ​ကို​တွေ့​ရှိ​ရ သည့်​အ​ခါ​တိုင်း မိ​မိ​၏​တပ်​မ​တော်​တွင်​ဝင် ရောက်​အ​မှု​ထမ်း​စေ​တော်​မူ​၏။

(ရှော​လု​၏​သိုး​ထိန်း​မှူး​ဖြစ်​သူ​ဧ​ဒုံ​ပြည် သား​ဒေါ​ဂ​သည် ထို​နေ့​၌​ဘာ​သာ​ရေး​ကျင့် ဝတ်​အ​ရ​သန့်​စင်​မှု​မင်္ဂ​လာ​ပြု​ရန်​အ​တွက် ထို​အ​ရပ်​သို့​ရောက်​ရှိ​နေ​ခိုက်​ဖြစ်​သ​တည်း။)




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ