Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 14:46

Common Language Bible

ထို​နောက်​ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား လိုက်​လံ​တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​လိုက် ၏။ လူ​တို့​သည်​လည်း​မိ​မိ​တို့​နယ်​အ​သီး သီး​သို့​ပြန်​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

3 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​လူ​တို့​က​ရှော​လု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အောင်​ပွဲ​ကို​ခံ​စေ​သော ယော​န​သန်​အား​သေ​ဒဏ်​ပေး​ပါ​မည်​လော။ သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​မျှ​မြေ​သို့ မ​ကျ​စေ​ရန် အ​ကျွန်ုပ်​တို့​သည်​အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​က​တိ​ပြု​ပါ​၏။ ယ​နေ့​သူ​ပြု​သော​အ​မှု သည် ဘု​ရား​သ​ခင်​၏​အ​ကူ​အ​ညီ​ဖြင့်​ပြု သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ ၏။ ဤ​သို့​လျှင်​လူ​တို့​သည်​ယော​န​သန်​အား သေ​ဘေး​မှ​ကယ်​လိုက်​ကြ​သ​တည်း။

ရှော​လု​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက် ပြီး​နောက် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ရန်​သူ များ​ဖြစ်​ကြ​သော​မော​ဘ​ပြည်​သား​များ၊ အမ္မုန်​ပြည်​သား​များ​နှင့်​ဧ​ဒုံ​ပြည်​သား များ​ကို​လည်း​ကောင်း၊ ဇောဘ​မင်း​များ​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​လည်း​ကောင်း စစ်​တိုက်​ရ​လေ​သည်။ သူ​သည်​မည်​သည့် အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​သည်​မ​ဆို​အောင် မြင်​သည် သာ​ဖြစ်​၏။-

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ရှော​ခေါ မြို့​တွင်​စု​ရုံး​ကာ ထို​မြို့​နှင့်​အ​ဇေ​ကာ​မြို့​စပ် ကြား​ဧ​ဖက်​ဒ​မိမ်​အ​ရပ်​တွင်​တပ်​ချ​ထား ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ