၁ ရာ 14:41Common Language Bibleရှောလုသည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအားယနေ့ဖြေကြား တော်မမူပါသနည်း။ အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ကျောက်တော် များအားဖြင့်ကျွန်တော်မျိုးအားဖြေကြားတော် မူပါ။ ယောနသန်၌ဖြစ်စေ၊ ကျွန်တော်မျိုး၌ ဖြစ်စေအပြစ်ရှိပါလျှင်ဥရိမ်ကျောက် မဲကျစေတော်မူပါ။ ကိုယ်တော်ရှင်၏လူမျိုးတော် ဣသရေလအမျိုးသားတို့၌အပြစ်ရှိပါလျှင် သုမိမ်ကျောက်ကိုမဲကျစေတော်မူပါ'' ဟုလျှောက် ထား၏။ ထိုအခါရှောလုနှင့်ယောနသန်တို့တွင် အပြစ်ရှိကြောင်းမဲကျသဖြင့် ဣသရေလ အမျိုးသားတို့အပြစ်လွတ်ကြကုန်၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်တပည့်တော်တို့သည်``အို သခင်ဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့၏စိတ်နှလုံး ကိုသိတော်မူပါ၏။ ယုဒသည်မိမိနှင့်ထိုက်ရာ အရပ်သို့လားရအံ့သောငှာ တမန်တော်ရာထူး ကိုစွန့်လွှတ်၍သွားပါပြီ။ ထိုရာထူးတွင်ဤသူ နှစ်ယောက်အနက် အဘယ်သူကိုကိုယ်တော်ရှင် ရွေးကောက်ခန့်ထားတော်မူသည်ကို အကျွန်ုပ်တို့ အားဖော်ပြတော်မူပါ'' ဟုဆုတောင်းပတ္ထနာ ပြုကြ၏။-