Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 14:40

Common Language Bible

ရှော​လု​က``သင်​တို့​သည်​ထို​နေ​ရာ​တွင်​ရပ် ၍​နေ​ကြ​လော့။ ယော​န​သန်​နှင့်​ငါ​မူ​ကား ဤ​နေ​ရာ​တွင်​ရပ်​၍​နေ​ကြ​အံ့'' ဟု​ဆို​၏။ လူ​တို့​က​လည်း``အ​ရှင်​စိတ်​တော်​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။-

ဧ​လ​ကာ​န​က``ကောင်း​ပြီ။ သင်​ပြု​လို​သည် အ​တိုင်း​ပြု​ပါ​လေ။ က​လေး​နို့​ဖြတ်​သည်​တိုင် အောင်​အိမ်​တွင်​နေ​လော့။ သင်​ပြု​သော​သစ္စာ​က​တိ ကို​အ​ကောင်​အ​ထည်​ဖော်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍ ဟန္န​သည်​သူ​ငယ်​ကို​နို့​တိုက်​လျက်၊ နို့​မ​ဖြတ် မီ​တိုင်​အောင်​အိမ်​မှာ​နေ​လေ​၏။

ရှော​လု​သည်​မိ​မိ​၏​လူ​တို့​အား``ငါ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ညဥ့်​အ​ခါ သွား ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ မိုး​လင်း​သည်​တိုင် အောင်​သူ​တို့​အား​လု​ယက်​၍​တစ်​ယောက်​မ​ကျန် သုတ်​သင်​ပစ်​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​လျှင် လူ​တို့​က``စိတ်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​က``ငါ​တို့​သည် ဦး​စွာ​ထာ​ဝ​ရ​ဘု​ရား​အား​မေး​မြန်း လျှောက်​ထား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။

အပြစ်​ရှိ​သူ​သည်​ငါ​၏​သား​ယော​န​သန်​ပင် ဖြစ်​စေ​ကာ​မူ​သေ​ဒဏ်​ခံ​ရ​လိမ့်​မည်​ဖြစ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကယ် တင်​ရှင်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ သော​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကတိ​ပြု​ပါ ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​အ​ဘယ်​သူ မျှ​ပြန်​လည်​လျှောက်​ထား​ခြင်း​မ​ပြု​ကြ သ​ဖြင့်၊-

ရှော​လု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား​ယ​နေ့​ဖြေ​ကြား တော်​မ​မူ​ပါ​သ​နည်း။ အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျောက်​တော် များ​အား​ဖြင့်​ကျွန်​တော်​မျိုး​အား​ဖြေ​ကြား​တော် မူ​ပါ။ ယော​န​သန်​၌​ဖြစ်​စေ၊ ကျွန်​တော်​မျိုး​၌ ဖြစ်​စေ​အ​ပြစ်​ရှိ​ပါ​လျှင်​ဥ​ရိမ်​ကျောက် မဲ​ကျ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၌​အ​ပြစ်​ရှိ​ပါ​လျှင် သု​မိမ်​ကျောက်​ကို​မဲ​ကျ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ထား​၏။ ထို​အ​ခါ​ရှော​လု​နှင့်​ယော​န​သန်​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​မဲ​ကျ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပြစ်​လွတ်​ကြ​ကုန်​၏။-

လူ​ငယ်​က``အ​ရှင်​အ​လို​ရှိ​ရာ​ပြု​တော်​မူ ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ​လိုက် ပါ​မည်'' ဟု​ဆို​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ