၁ ရာ 14:33Common Language Bibleယင်းသို့လူတို့သည်သွေးသံရဲရဲနှင့်စား သောက်ကာ ထာဝရဘုရားအားပြစ်မှား ကြကြောင်းကိုရှောလုအားလျှောက်ထား ကြသောအခါ၊ ရှောလုက``သင်တို့သည်သစ္စာဖောက်ကြလေ ပြီတကား။ ကျောက်တုံးကြီးကိုဤအရပ် သို့လှိမ့်ယူခဲ့ကြလော့'' ဟုဆို၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍မိတ်ဆွေ၊ သင်သည်သူတစ်ပါးအား အပြစ်စီရင်ပါသလော။ သင်သည်မည်သူဖြစ် စေကာမူသူတစ်ပါးအားအပြစ်စီရင်နိုင် သောအခြေအနေတွင်မရှိ။ သင်သည်သူတစ် ပါးကဲ့သို့အပြစ်ကူးလွန်သူဖြစ်လျက် နှင့် သူတစ်ပါးအားအပြစ်စီရင်လျှင်မိမိ ကိုယ်တိုင်အားလည်းအပြစ်စီရင်ရာရောက် ၏။-
ထိုနောက်သူက``လူတို့ထံသို့သွား၍သူ တို့၏နွားများတို့ကို ဤနေရာသို့ယူဆောင် လာစေ။ သူတို့သည်တိရစ္ဆာန်များကိုဤနေ ရာတွင်သတ်၍စားကြစေ။ သွေးပါသည့် အသားကိုစားခြင်းအားဖြင့်ထာဝရဘုရား ကိုမပြစ်မှားစေနှင့်'' ဟုမိန့်တော်မူ၏။ သို့ ဖြစ်၍ထိုည၌လူတို့သည်မိမိတို့၏သိုး နွားများကို ထိုနေရာသို့ယူဆောင်လာပြီး လျှင်သတ်ကြ၏။-