Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 14:32

Common Language Bible

ထို့​ကြောင့်​သူ​တို့​သည်​ရန်​သူ​များ​လက်​မှ သိမ်း​ဆည်း​ရ​မိ​သည့်​ပစ္စည်း​များ​ရှိ​ရာ​သို့ ပြေး​ပြီး​လျှင် သိုး၊ ဆိတ်၊ နွား​များ​ကို​ယူ ဆောင်​ကာ​ထို​နေ​ရာ​၌​ပင်​သတ်​၍​သွေး သံ​ရဲ​ရဲ​နှင့်​စား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​မ​စား​ရ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​အ​ရာ​ကား​သွေး​ပါ​ရှိ​သည့်​အ​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သွေး​၌​အ​သက်​တည်​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-

``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား သင်​တို့​သည်​အ​မဲ​သား​နှင့် အ​တူ​သွေး​ကို​လည်း​စား​ကြ​၏။ ရုပ်​တု​များ ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။ လူ​၏​အ​သက်​ကို သတ်​ကြ​၏။ သို့​ပါ​လျက်​ဤ​ပြည်​ကို​သင်​တို့ အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​သ​နည်း။-

``သွေး​ပါ​ရှိ​နေ​သေး​သော​အ​သား​ကို​မ​စား​ရ။ ဗေ​ဒင်​မှော်​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​မ​ကျင့် သုံး​ရ။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ဆီ ကို​သော်​လည်း​ကောင်း၊ သွေး​ကို​သော်​လည်း ကောင်း​မ​စား​ရ။ အ​ရပ်​ရပ်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။

သို့​ရာ​တွင်​ရုပ်တု​အား​ပူ​ဇော်​ထား​သ​ဖြင့် မ​သန့် စင်​သည့်​အ​စား​အ​စာ​များ​ကို​စား​ခြင်း၊ ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ လည်​လိမ်​သား​နှင့်​သွေး​ကို စား​သုံး​ခြင်း​တို့​ကို​မူ​ရှောင်​ရှား​ကြ​စေ​ရန် စာ​ရေး​၍​အ​ကြောင်း​ကြား​သင့်​သည်​ဟု​ငါ ယူ​ဆ​၏။-

လည်​ညှစ်​သား​ကို​မ​စား​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား မှု​ကို​မ​ပြု​နှင့်​ဟူ​သော​ပ​ညတ်​များ​မှ​တစ်​ပါး အ​ခြား​သော​ဝန်​ကို​သင်​တို့​အ​ပေါ်​မ​တင်​ရန် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ကျွန်ုပ်​တို့​သ​ဘော တူ​ကြ​ပါ​၏။ ဤ​အ​ရာ​များ​ကို​ရှောင်​ကြဉ်​ကြ ပါ​က သင်​တို့​အ​တွက်​လုံ​လောက်​ပေ​ပြီ။ ကျန်း မာ​ရွှင်​လန်း​ကြ​ပါ​စေ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ သည်။

သို့​ရာ​တွင်​တိ​ရစ္ဆာန်​တို့​၏​သွေး​ကို​မူ​ကား မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့​မြေ​ပေါ်​မှာ သွန်​ရ​မည်။-

သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် လက်​ရ​ပစ္စည်း​များ​ကို​မက်​မက်​မော​မော​သိမ်း ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော အ​မှု​ကို​ပြု​ဘိ​သ​နည်း'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ