Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 13:19

Common Language Bible

ဟေ​ဗြဲ​အ​မျိုး​သား​တို့​ဋ္ဌား​လှံ​လက်​နက်​များ ပြု​လုပ်​ခြင်း​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က ပိတ်​ပင်​တား​မြစ်​သ​ဖြင့် ဣ​သ​ရေ​လ​ပြည် တွင်​ယ​နေ့​တိုင်​အောင်​ပန်း​ပဲ​ဆ​ရာ​များ မ​ရှိ​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား များ၊ မင်း​ညီ​မင်း​သား​ရှိ​သ​မျှ​နှင့်​အ​မျိုး​သား ခေါင်း​ဆောင်​ရှိ​သ​မျှ စု​စု​ပေါင်း​လူ​တစ်​သောင်း ကို​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​ဆီး​သွား​၏။ သူ​သည် အ​လွန့်​အ​လွန်​ဆင်း​ရဲ​သူ​များ​ကို​သာ​လျှင် ယု​ဒ​ပြည်​တွင်​ချန်​ထား​ပြီး​လျှင်​ပန်း​ပဲ​ဆ​ရာ များ​မှ​စ​၍ အ​တတ်​ပ​ညာ​သည်​အ​ပေါင်း​ကို ခေါ်​ဆောင်​သွား​လေ​သည်။

``မီး​ကို​မွှေး​၍​လက်​နက်​များ​ကို​ပြု​လုပ်​သူ ပန်း​ပဲ​ဆ​ရာ​ကို​ငါ​ဖန်​ဆင်း​၏။ သတ်​ဖြတ်​ရန်​အ​တွက်​ထို​လက်​နက်​များ​ကို အ​သုံး​ပြု​သူ​စစ်​သူ​ရဲ​ကို​လည်း​ငါ​ဖန်​ဆင်း​၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဗိ​မာန်​တော်​ရှေ့​တွင်​ချ ထား​သည့်​သင်္ဘော​သ​ဖန်း​သီး​တောင်း​နှစ်​လုံး ကို​ငါ့​အား​ပြ​တော်​မူ​၏။ (ဤ​အ​ချိန်​အ​ခါ မှာ​ဗာ​ဗု​လုန်​ဘု​ရင်၊ နေ​ဗု​ခဒ်​နေ​ဇာ​သည် ယော​ယ​ကိမ်​၏​သား ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ အား​ယု​ဒ​ခေါင်း​ဆောင်​များ၊ လက်​မှု​ပညာ​သည် များ​နှင့်​ကျွမ်း​ကျင်​သူ​အ​လုပ်​သ​မား​များ နှင့်​အ​တူ​ဗာ​ဗု​လုန်​မြို့​သို့​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​ပြီး​သော​အ​ခါ​ဖြစ်​၏။-)

ငါ​သည်​ယေ​ခေါ​နိ​မင်း၊ ထို​မင်း​၏​မယ်​တော်၊ နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​မှ​ခေါင်း​ဆောင်​များ၊ အ​တတ်​ပ​ညာ သည်​များ​နှင့်​လုပ်​ရည်​ကိုင်​ရည်​ရှိ​သူ​အ​လုပ် သ​မား​များ​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သည့် နောက် ထို​စာ​ကို​ရေး​သား​လေ​သည်။-

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သစ်​များ​ကို​ရွေး​ယူ​ကြ​သော​အ​ခါ၊ တိုင်း​ပြည်​တွင်​စစ်​ဖြစ်​လေ​၏။ ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​လူ​ပေါင်း​လေး​သောင်း ရှိ​သည့် အ​နက်​ဒိုင်း​လွှား​တစ်​ခု​သို့​မ​ဟုတ်၊ လှံ​တစ်​ချောင်း​ကို​ကိုင်​ဆောင်​သူ​ရှိ​ပါ​၏​လော။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထွန်​သွား၊ ပေါက်​တူး၊ ပု​ဆိန်၊ တံ​စဉ်​စ​သည်​တို့​ကို​သွေး ရန်​အ​တွက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ