၁ ရာ 13:18Common Language Bibleနောက်တစ်စုသည်ဗေသောရုန်မြို့ရှိရာသို့ လည်းကောင်း၊ ကျန်တစ်စုကားဇေဘိုင်ချိုင့်ဝှမ်း နှင့်တောကန္တာရကိုမျက်နှာမူလျက်ရှိသော နယ်စပ်လမ်းသို့လည်းကောင်းလိုက်သွားကြ သည်။ အခန်းကိုကြည့်ပါ။ |
``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။