Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 13:12

Common Language Bible

သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျွန်ုပ်​ရှိ​ရာ​ဂိ​လ ဂါ​လ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​ကြ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည်​လည်း​ထာ ဝ​ရ​ဘု​ရား​၏​ထံ​တော်​၌ အ​သ​နား​မ​ခံ ရ​သေး​ဟူ​၍​လည်း​ကောင်း​အ​ကျွန်ုပ်​တွေး​တော မိ​ပါ​၏။ ထို့​ကြောင့်​ယဇ်​ကို​မ​ပူ​ဇော်​လျှင် မ​ဖြစ်​တော့​သ​ဖြင့်​ပူ​ဇော်​ရ​ခြင်း​ဖြစ်​ပါ သည်'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

``ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည် ကြီး​မား​လှ​သည်​ဖြစ်​၍​ရန်​သူ​တို့​သည်​ရှေ့​တော်​တွင် ကြောက်​ရွံ့​ဝပ်​တွား​ကြ​ပါ​၏။

``ငါ​တို့​သည်​ဂျုံ​စ​ပါး​ကို​ရောင်း​လို​လှ​ပြီ။ သန့်​ရှင်း​ရာ​နေ့​လွန်​အောင်​ပင်​မ​စောင့်​နိုင်​အောင် ဖြစ်​နေ​ကြ​ပြီ။ ဥ​ပုသ်​နေ့​သည်​ဘယ်​သော​ခါ မှ​ကုန်​ပါ​မည်​နည်း။ ထို​နေ့​လွန်​လျှင်​ငါ​တို့ သည်​မ​မှန်​သော​တင်း​တောင်း​နှင့် အ​လေး​ခိုး ပြီး​မ​မှန်​သော​ချိန်​ခွင်​ကို​သုံး​၍​စျေး​တင် ရောင်း​ချ​မည်။-

လူ​တိုင်း​ပင်​မိ​မိ​၏​စေ​တ​နာ​စိတ်​ပြ​ဋ္ဌာန်း သည်​အ​တိုင်း​ပေး​လှူ​ရ​၏။ နှ​မြော​သော​စိတ် နှင့်​သော်​လည်း​ကောင်း၊ ပေး​လှူ​ရန်​တာ​ဝန် ဝတ္တ​ရား​ရှိ​သည်​ဟူ​သော​စိတ်​ဖြင့်​သော်​လည်း ကောင်း​မ​ပေး​မ​လှူ​အပ်။ ဘု​ရား​သ​ခင်​သည် စေ​တ​နာ​နှင့်​ပေး​လှူ​တတ်​သော​သူ​ကို နှစ်​သက်​တော်​မူ​၏။-

ရှ​မွေ​လ​က``သင်​သည်​အ​ဘယ်​သို့​ပြု​သ​နည်း'' ဟု​မေး​၏။ ရှော​လု​က``လူ​တို့​သည်​အ​ကျွန်ုပ်​ထံ​မှ​စွန့်​ခွာ ထွက်​ပြေး​လျက်​နေ​ကြ​ပါ​၏။ အ​ရှင်​သည်​ချိန်း သော​အ​ချိန်​၌​မ​ပေါ်​လာ​ပါ။ ထို့​အ​ပြင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိတ်​မတ်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ​ပါ​၏။-

ရှ​မွေ​လ​က``သင်​ပြု​သည့်​အ​မှု​သည်​မိုက်​မဲ သော​အ​မှု​ဖြစ်​၏။ သင်​သည်​မိ​မိ​၏​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​နား​မ​ထောင်။ အ​ကယ်​၍​နား​ထောင် ခဲ့​ပါ​လျှင်​ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ သင်​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​ပြည် ကို​ထာ​ဝ​စဉ်​အုပ်​စိုး​စေ​တော်​မူ​မည်။-

နံ​နက်​စော​စော​၌​ရှော​လု​ကို​ရှာ​ရန်​ထွက်​ခွာ သွား​၏။ ရှော​လု​သည်​က​ရ​မေ​လ​မြို့​သို့​သွား ၍ မိ​မိ​အ​တွက်​အ​မှတ်​တ​ရ​ကျောက်​တိုင်​ကို တည်​ဆောက်​ကြောင်း၊ ထို​မှ​တစ်​ဆင့်​ဂိ​လ​ဂါ​လ မြို့​သို့​ထွက်​ခွာ​သွား​ကြောင်း​ရှ​မွေ​လ​ကြား သိ​ရ​၏။-

ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့ ရာ​ယဇ်​အ​စ​ရှိ​သည့်​ပူ​ဇော်​သကာ​များ ဆက်​သ​မှု​နှင့် မိ​မိ​၏​အ​မိန့်​တော်​နာ​ခံ မှု​တို့​အ​နက်​မည်​သည်​ကို​ပို​၍​နှစ်​သက်​တော် မူ​ပါ​သ​နည်း။ နာ​ခံ​ခြင်း​သည်​အ​ဆူ​ဖြိုး ဆုံး​သိုး​ကို​ယဇ်​ပူ​ဇော်​ခြင်း​ထက်​ပို​၍​မြတ်​၏။-

(ရှော​လု​၏​သိုး​ထိန်း​မှူး​ဖြစ်​သူ​ဧ​ဒုံ​ပြည် သား​ဒေါ​ဂ​သည် ထို​နေ့​၌​ဘာ​သာ​ရေး​ကျင့် ဝတ်​အ​ရ​သန့်​စင်​မှု​မင်္ဂ​လာ​ပြု​ရန်​အ​တွက် ထို​အ​ရပ်​သို့​ရောက်​ရှိ​နေ​ခိုက်​ဖြစ်​သ​တည်း။)




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ