၁ ရာ 13:11Common Language Bibleရှမွေလက``သင်သည်အဘယ်သို့ပြုသနည်း'' ဟုမေး၏။ ရှောလုက``လူတို့သည်အကျွန်ုပ်ထံမှစွန့်ခွာ ထွက်ပြေးလျက်နေကြပါ၏။ အရှင်သည်ချိန်း သောအချိန်၌မပေါ်လာပါ။ ထို့အပြင် ဖိလိတ္တိအမျိုးသားတို့သည်မိတ်မတ်မြို့ တွင်စုရုံးလျက်ရှိနေကြပါ၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သူတို့သည်အကျွန်ုပ်ရှိရာဂိလ ဂါလမြို့သို့ ချီတက်တိုက်ခိုက်ကြလိမ့်မည် ဟူ၍လည်းကောင်း၊ အကျွန်ုပ်သည်လည်းထာ ဝရဘုရား၏ထံတော်၌ အသနားမခံ ရသေးဟူ၍လည်းကောင်းအကျွန်ုပ်တွေးတော မိပါ၏။ ထို့ကြောင့်ယဇ်ကိုမပူဇော်လျှင် မဖြစ်တော့သဖြင့်ပူဇော်ရခြင်းဖြစ်ပါ သည်'' ဟုလျှောက်၏။
ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။-