Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 12:4

Common Language Bible

လူ​တို့​က``အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​လိမ် လည်​လှည့်​စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှဉ်း ဆဲ​နှိပ်​စက်​မှု​ကို​သော်​လည်း​ကောင်း​မ​ပြု​ခဲ့ ပါ။ မည်​သူ​၏​ပစ္စည်း​ဥစ္စာ​ကို​မျှ​လည်း​မ​ယူ ခဲ့​ဖူး​ပါ'' ဟု​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အ​ခြား​ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင် များ​နှင့်​ဘု​ရင်​ခံ​တို့​သည် ဒံ​ယေ​လ​၏​စီ​မံ အုပ်​ချုပ်​မှု​၌​အ​မှား​ကို​ရှာ​ကြ​လေ​သည်။ သို့​ရာ​တွင်​မည်​သည့်​အ​မှား​ကို​မျှ​မ​တွေ့ မ​ရှိ​နိုင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဒံ​ယေ​လ သည်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့်​မည်​သည့်​အ​မှား၊ မည်​သည့်​မ​ရိုး​မ​ဖြောင့်​မှု​ကို​မျှ​မ​ပြု သော​ကြောင့်​ဖြစ်​၏။-

ထို​သူ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​တိုင်း နိုင်​ငံ​များ​ကို​နှိမ်​နင်း​အောင်​မြင်​ခဲ့​ကြ​၏။ အ​မှန် တ​ရား​ကို​ကျင့်​သုံး​၍​ဘု​ရား​သ​ခင်​၏​က​တိ တော်​အ​တိုင်း​ခံ​စား​ခဲ့​ကြ​၏။ ခြင်္သေ့​များ​၏​နှုတ် ကို​ပိတ်​ခဲ့​ကြ​၏။-

ဒေ​မေ​တ​ရိ​ကို လူ​တိုင်း​ချီး​မွမ်း​ပြော​ဆို ကြ​ပေ​သည်။ သမ္မာ​တ​ရား​သည်​သူ့​ဘက်​၌ သက်​သေ​ခံ​၏။ ငါ​တို့​သည်​ထပ်​လောင်း​၍ ထောက်​ခံ​၏။ ငါ​တို့​ထောက်​ခံ​ချက်​သည် ခိုင်​လုံ​ကြောင်း​သင်​သိ​၏။

ယ​ခု​ငါ​ရှိ​နေ​သေး​စဉ်​အ​ကယ်​၍​ငါ့​မှာ အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​က ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ဘိ သိက်​ပေး​တော်​မူ​သည့်​ဘု​ရင်​၏​ရှေ့​တွင်​လည်း ကောင်း သင်​တို့​သည်​ယ​ခု​ငါ့​အား​စွပ်​စွဲ​ဖော် ပြ​ကြ​လော့။ ငါ​သည်​အ​ဘယ်​သူ​၏​နွား​ကို ယူ​ဖူး​ပါ​သ​နည်း။ အ​ဘယ်​သူ​၏​မြည်း​ကို မ​တ​ရား​သိမ်း​ယူ​ဖူး​ပါ​သ​နည်း။ ငါ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား​လိမ်​လည်​လှည့် စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှင်း​ဆဲ​နှိပ် စက်​မှု​ကို​သော်​လည်း​ကောင်း​ပြု​ခဲ့​ဖူး​ပါ သ​လော။ တံ​စိုး​လက်​ဆောင်​ယူ​ဖူး​ပါ​သ လော။ ဤ​အ​မှု​တစ်​ခု​ခု​ကို​ပြု​မိ​ခဲ့​သော် ငါ​သည်​မိ​မိ​ယူ​မိ​သည့်​အ​ရာ​ကို​ပြန် ၍​ပေး​လျော်​ပါ​အံ့'' ဟု​ဆို​၏။

ရှ​မွေ​လ​က``ငါ​၌​လုံး​ဝ​အ​ပြစ်​မ​ရှိ​ကြောင်း သင်​တို့​တွေ့​ရှိ​ချက်​ကို​ထာ​ဝ​ရ​ဘု​ရား သက်​သေ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​သည်​လည်း​သက်​သေ ဖြစ်​တော်​မူ​၏'' ဟု​ဆို​လျှင်၊ လူ​တို့​က``မှန်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​၏​သက်​သေ​ဖြစ်​တော်​မူ​ပါ သည်'' ဟု​ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ