၁ ရာ 12:3Common Language Bibleယခုငါရှိနေသေးစဉ်အကယ်၍ငါ့မှာ အပြစ်တစ်စုံတစ်ရာရှိပါက ဘုရားသခင် ၏ရှေ့တော်တွင်လည်းကောင်း၊ ကိုယ်တော်ဘိ သိက်ပေးတော်မူသည့်ဘုရင်၏ရှေ့တွင်လည်း ကောင်း သင်တို့သည်ယခုငါ့အားစွပ်စွဲဖော် ပြကြလော့။ ငါသည်အဘယ်သူ၏နွားကို ယူဖူးပါသနည်း။ အဘယ်သူ၏မြည်းကို မတရားသိမ်းယူဖူးပါသနည်း။ ငါသည် လူတစ်စုံတစ်ယောက်အားလိမ်လည်လှည့် စားမှုကိုသော်လည်းကောင်း၊ ညှင်းဆဲနှိပ် စက်မှုကိုသော်လည်းကောင်းပြုခဲ့ဖူးပါ သလော။ တံစိုးလက်ဆောင်ယူဖူးပါသ လော။ ဤအမှုတစ်ခုခုကိုပြုမိခဲ့သော် ငါသည်မိမိယူမိသည့်အရာကိုပြန် ၍ပေးလျော်ပါအံ့'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ယခုသင်တို့ထံသို့တတိယအကြိမ် လာရန်အသင့်ရှိပြီ။ သို့ရာတွင်ငါ၏အတွက် သင်တို့အားတာဝန်ကြီးလေးစေမည်မဟုတ်။ သင်တို့၏ငွေကြေးဥစ္စာများကိုငါအလို မရှိ။ သင်တို့ကိုသာလျှင်ငါအလိုရှိ၏။ သား သမီးများကမိဘများအဖို့စုဆောင်း ရကြသည်မဟုတ်။ မိဘများကသာလျှင် သားသမီးများအဖို့စုဆောင်းရကြသည်။-
သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။-
ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-
အကျွန်ုပ်၏ခမည်းတော်၊ ဤမှာကြည့်တော် မူပါ။ အကျွန်ုပ်ကိုင်ထားသည့်အရှင့်ဝတ်လုံစ ကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည်အရှင့် အားသတ်ဖြတ်နိုင်ခွင့်ရရှိခဲ့သော်လည်း ဤ ဝတ်လုံစကိုသာလျှင်လှီးဖြတ်ခဲ့ပါ၏။ အရှင့် အားပုန်ကန်ရန်သော်လည်းကောင်း၊ ဘေးအန္တရာယ် ပြုရန်သော်လည်းကောင်း အကျွန်ုပ်မကြံရွယ် ကြောင်းကိုဤအချက်အားဖြင့် အရှင်မင်း ကြီးကောင်းစွာနားလည်သဘောပေါက်သင့် ပါ၏။ အကျွန်ုပ်သည်အရှင့်အားအဘယ်သို့ မျှမပြစ်မှားခဲ့သော်လည်း အရှင်သည် အကျွန်ုပ်ကိုသတ်ရန်လိုက်လံဖမ်းဆီး လျက်နေပါ၏။-
ထို့ကြောင့်မိမိ၏လူတို့အား``ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်၊ ငါ၏သခင် အားဘေးအန္တရာယ်မပြုမိစေရန်ထာဝရ ဘုရားသည်ငါ့ကိုဆီးတားတော်မူပါစေ သော။ မင်းကြီးသည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ဖြစ်သဖြင့် ငါသည်သူ့ အားစိုးစဉ်းမျှဘေးအန္တရာယ်မပြုအပ်'' ဟု ဆို၏။-