Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 12:13

Common Language Bible

``သင်​တို့​ရွေး​ချယ်​သည့်​ဘု​ရင်​သည်​ယ​ခု​သင် တို့​ရှေ့​မှောက်​တွင်​ရှိ​၏။ သင်​တို့​တောင်း​ဆို​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​အား​ရှင် ဘု​ရင်​များ​ကို​ပေး​ခဲ့​၏။ ငါ​သည်​အ​မျက် ဒေါ​သ​ဖြင့်​ထို​ရှင်​ဘု​ရင်​များ​ကို​ရုပ်​သိမ်း ခဲ့​ပြီ။

သူ​တို့​သည်​ရှင်​ဘု​ရင်​တစ်​ပါး​ခန့်​ပေး​ရန် ရှ​မွေ​လ​အား​တောင်း​ဆို​ကြ​သ​ဖြင့် ဘု​ရား သ​ခင်​သည်​ကိ​ရှ​၏​သား​ဗင်္ယာ​မိန်​အ​နွယ်​ဝင် ရှော​လု​ကို​ခန့်​ထား​တော်​မူ​၏။ ရှော​လု​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး​နန်း​စံ​တော်​မူ သ​တည်း။-

ရှ​မွေ​လ​က​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မူ​သော​သူ​ကား​ဤ​သူ​တည်း။ ငါ​တို့​တွင်​သူ​နှင့်​တူ​သူ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​ဆို​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း``အ​ရှင်​မင်း​ကြီး သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​၏။

သို့​ဖြစ်​၍​သူ​တို့​အား​လုံး​ပင်​ဂိ​လ​ဂါ​လ မြို့​သို့​သွား​ပြီး​လျှင် သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​ရှော​လု​အား​ဘု​ရင်​အ​ဖြစ်​ကြွေး​ကြော် တင်​မြှောက်​ကြ​လေ​သည်။ သူ​တို့​သည်​မိတ် သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ကြ​၏။ ရှော​လု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သည် လည်း​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​၏။

ယ​ခု​အ​ခါ​သည်​ခြောက်​သွေ့​သော​ရာ​သီ​ဖြစ် ၏။ သို့​ရာ​တွင်​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ်​ချုန်း​စွာ ရွာ​သွန်း​စေ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​ဘု​ရင် ကို​သင်​တို့​တောင်း​ဆို​မိ​သည့်​အ​ပြစ်​သည် အ​ဘယ်​မျှ​ကြီး​လေး​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​ဆို​၏။

ရှ​မွေ​လ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​မ​သေ​ရ​လေ အောင် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ​ဘု​ရား​ထံ ကျွန်ုပ်​တို့​အ​ဖို့​ဆု​တောင်း​တော်​မူ​ပါ။ ကျွန်ုပ်​တို့ သည်​ရှင်​ဘု​ရင်​ကို​တောင်း​သော​ကြောင့်​အ​ပြစ် များ​တို့​အ​ပေါ်​မှာ​ထပ်​ဆင့်​၍​အ​ပြစ်​ကို​ပြု မိ​ပါ​ပြီ'' ဟု​ဆို​၏။

``အ​ရှင်​သည်​အ​သက်​အ​ရွယ်​အို​၍​လာ​ပါ​ပြီ။ အ​ရှင့်​သား​တို့​သည်​လည်း​အ​ရှင်​၏​လမ်း​စဉ် ကို​မ​လိုက်​ကြ​ပါ။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ အား​အုပ်​စိုး​ရန်​ဘု​ရင်​ကို​ခန့်​ပေး​ပါ။ သို့​မှ သာ​လျှင်​အ​ကျွန်ုပ်​တို့​တွင်​အ​ခြား​တိုင်း​ပြည် များ​မှာ​ကဲ့​သို့​ဘု​ရင်​ရှိ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။-

လွန်​ခဲ့​သော​သုံး​ရက်​က​ပျောက်​ဆုံး​ခဲ့​သည့် မြည်း​များ​အ​တွက် ကို​မူ​မ​စိုး​ရိမ်​နှင့်။ ယင်း တို့​ကို​ပြန်​၍​တွေ့​ရှိ​ပြီး​ဖြစ်​၏။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ လွန်​စွာ​လို​လား တောင့်​တ​နေ​သူ​ကား​အ​ဘယ်​သူ​နည်း။ သင် နှင့်​သင့်​အ​ဖ​၏​အိမ်​ထောင်​စု​ပင်​မ​ဟုတ် လော'' ဟု​ပြန်​ပြော​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ