၁ ရာ 12:12Common Language Bibleသို့ရာတွင်သင်တို့အားအမ္မုန်ဘုရင်နာဟတ် ကတိုက်ခိုက်မည်ပြုသောအခါ သင်တို့သည် ထာဝရဘုရားအားဘုရင်အဖြစ်မှပစ် ပယ်ကာသင်တို့ကိုအုပ်စိုးမည့်ဘုရင်ကို ခန့်ပေးရန်ငါ့ထံတွင်တောင်းဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုလှေသင်္ဘောများ၏ရွက်တိုင်နှင့်ကြိုးတို့ သည်ပြုတ်လျက် ရွက်များသည်လည်းဖြန့်၍ မရပါတကား။ ရန်သူတပ်မှဥစ္စာပစ္စည်း များကိုလုယူကြလိမ့်မည်။ ထိုပစ္စည်းဥစ္စာ တို့မှာမြောက်မြားလှသည်ဖြစ်၍ ခြေမစွမ်း သူများပင်လျှင်မိမိတို့ဝေစုကိုရရှိကြ လိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင် ပင်လျှင် ငါတို့၏ဘုရင်ဖြစ်တော်မူလိမ့် မည်။ ကိုယ်တော်သည်ငါတို့ကိုအုပ်စိုး၍ ကွယ်ကာတော်မူလိမ့်မည်။-
ဤအတောအတွင်း၌ဗာဗုလုန်ဘုရင်သည် ဣသရေလအမျိုးသားအချို့ကို ယုဒပြည် တွင်နေထိုင်ခွင့်ပြု၍ရှာဖန်၏မြေး၊ အဟိကံ ၏သားဂေဒလိကိုဘုရင်ခံအဖြစ်ခန့်ထား တော်မူကြောင်းမောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံ ပြည်နှင့်အခြားတိုင်းပြည်များရှိဟေဗြဲ အမျိုးသားအပေါင်းတို့ကြားသိကြလေ သည်။-
သို့ရာတွင်သင်တို့သည်ယနေ့ပင်လျှင်သူ၏ အိမ်ထောင်စုအား ဆန့်ကျင်ဘက်ပြုခဲ့ကြ လေပြီ။ သူ၏သားခုနစ်ဆယ်ကိုကျောက်တုံး တစ်ခုတည်းအပေါ်၌သတ်ပစ်ခဲ့ကြလေ ပြီ။ ကျွန်မိန်းမနှင့်ရသောသားအဘိမလက် သည်သင်တို့၏ဆွေမျိုးသားချင်းဖြစ်ကာ မျှဖြင့် သူ့အားသင်တို့မင်းမြှောက်ခဲ့ကြ၏။-
ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''