Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 1:8

Common Language Bible

သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဟာ​ဇေ​လ​က``အ​ရှင်၊ အ​ဘယ်​ကြောင့်​ငို​ပါ သ​နည်း'' ဟု​မေး​၏။ ဧ​လိ​ရှဲ​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​ပြု​မည့်​ကြမ်း​ကြုတ်​ဆိုး​ယုတ်​သည့်​အ​မှု တို့​ကို ငါ​သိ​မြင်​သော​ကြောင့်​ဖြစ်​၏။ သင်​သည် သူ​တို့​၏​ရဲ​တိုက်​များ​ကို​မီး​ရှို့​ကာ အ​ဖိုး​တန် လူ​ငယ်​လူ​ရွယ်​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ က​လေး​သူ​ငယ်​တို့​ကို​ဆောင့်​၍​သတ်​ပြီး​လျှင် ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​တို့​၏​ဝမ်း​ကို ခွဲ​လိမ့်​မည်'' ဟု​ဆို​၏။

ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။

ထို​အ​ခါ အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည် ယဇ်​ပလ္လင်​တော်​သို့​ချဉ်း​ကပ်​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​မှ​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကိုယ်​တော်​အား စောင်း​တီး​လျက်​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။

အို ယေ​ရု​ရှ​လင်​မြို့၊သင်​သည်​သား​သ​မီး​မ​ရ သည့် အ​မျိုး​သ​မီး​နှင့်​တူ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​၍​ကြွေး​ကြော်​နိုင်​လေ​ပြီ။ ယ​ခု​သင်​သည်​ခင်​ပွန်း​ဖြစ်​သူ​၏​စွန့်​ပစ်​မှု​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ခံ​ရ​ဘူး​သည့် အ​မျိုး​သ​မီး​ထက်​ပင်​ပို​၍​သား​သ​မီး​များ​ကို ရ​ရှိ​ပေ​လိမ့်​မည်။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​သည်၊ ခင်​ပွန်း​ဖြစ်​သူ​စွန့်​ပစ်​သ​ဖြင့်၊အ​လွန်​စိတ်​ဒုက္ခ ရောက်​လျက်​နေ​သည့်​ဇ​နီး​ငယ်​တစ်​ဦး​နှင့်​တူ​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ပြန်​လည်​ခေါ်​ယူ​တော်​မူ​ပါ​၏။

ကောင်း​ကင်​တ​မန်​များ​က ``အ​ချင်း​အ​မျိုး သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သနည်း'' ဟု​မေး​၏။ မာ​ရိ​က ``ကျွန်​မ​၏​အ​ရှင်​ကို​သူ​တို့​ယူ​ဆောင် သွား​လေ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​မှာ ထား​ကြ​သည်​ကို​ကျွန်​မ​မ​သိ​ပါ'' ဟု​ဆို​၏။

သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သ​နည်း။ သင်​မည် သူ့​ကို​ရှာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​အ​ခါ​မာ​ရိ​သည်​ကိုယ်​တော်​ကို​ဥ​ယျာဉ်​စောင့် ဟု​ထင်​မှတ်​ကာ ``ဆ​ရာ၊ ကိုယ်​တော်​၏​အ​လောင်း တော်​ကို​ရှင်​ယူ​ဆောင်​သွား​ခဲ့​ပါ​လျှင်​အ​ဘယ် အ​ရပ်​တွင်​ထား​သည်​ကို​ကျွန်​မ​အား​ပြော​ပြ​ပါ။ ကျွန်​မ​သွား​၍​ယူ​ပါ​မည်'' ဟု​ဆို​၏။

ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​တို့​ကို​သ​တိ​ပေး ကြ​လော့။ ကြောက်​တတ်​သူ​တို့​ကို​အား​ပေး​ကြ လော့။ အား​နည်း​သူ​တို့​ကို​ကူ​ညီ​ကြ​လော့။ လူ ခပ်​သိမ်း​တို့​အ​ပေါ်​တွင်​စိတ်​ရှည်​ကြ​လော့။-

သင်​၏​ချွေး​မ​သည်​သင့်​ကို​ချစ်​သ​ဖြင့် သား ယောကျာ်း​ခု​နစ်​ယောက်​ထက်​ပင်​သင့်​အား​ပို ၍​ပြု​စု​ခဲ့​သူ​ဖြစ်​ပေ​သည်။ ယ​ခု​သူ​သည် မြေး​ယောကျာ်း​က​လေး​ကို မွေး​ဖွား​ပေး​လေ ပြီ။ ထို​သူ​ငယ်​သည်​သင့်​အား​ဘ​ဝ​သစ်​ကို ပေး​၍ သင်​အို​မင်း​မ​စွမ်း​ရှိ​ချိန်​၌​လုံ​ခြုံ မှု​ကို​ပေး​မည့်​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ဆို ကြ​၏။-

ဤ​အ​တိုင်း​တစ်​နှစ်​ပြီး​တစ်​နှစ်​လွန်​ခဲ့​၏။ သူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​သွား​ရောက် သည့်​အ​ခါ​တိုင်း ပေ​နိန္န​သည်​ဟန္န​အား​စိတ်​ဒုက္ခ ရောက်​စေ​သ​ဖြင့် ဟန္န​သည်​အ​ဘယ်​အ​စား​အ​စာ ကို​မျှ​မ​စား​ဘဲ​ငို​၍​သာ​နေ​တတ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ