၁ ရာ 1:7Common Language Bibleဤအတိုင်းတစ်နှစ်ပြီးတစ်နှစ်လွန်ခဲ့၏။ သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့သွားရောက် သည့်အခါတိုင်း ပေနိန္နသည်ဟန္နအားစိတ်ဒုက္ခ ရောက်စေသဖြင့် ဟန္နသည်အဘယ်အစားအစာ ကိုမျှမစားဘဲငို၍သာနေတတ်၏။- အခန်းကိုကြည့်ပါ။ |
ရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။-
ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။