Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ယော 5:8

Common Language Bible

ယင်း​တို့​ကား​ဝိ​ညာဉ်​တော်၊ ရေ​နှင့်​သွေး​တို့​ဖြစ် ကြ​၏။ ထို​သုံး​ပါး​တို့​သည်​တ​ညီ​တ​ညွတ် တည်း​သက်​သေ​ခံ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သင်​တို့​သည်​သွား​၍​လူ​မျိုး​တ​ကာ​တို့ ကို​ငါ့​တ​ပည့်​ဖြစ်​စေ​ကြ​လော့။ သူ​တို့​အား​ခ​မည်း တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နာ​မ ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ကြ​လော့။-

လူ​အ​များ​ပင်​လိမ်​လည်​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​၏​ထွက်​ဆို​ချက်​များ​ကိုက် ညီ​မှု​မ​ရှိ။

``ခ​မည်း​တော်​ထံ​မှ​ကြွ​လာ​၍​ဘု​ရား​သ​ခင် အ​ကြောင်း​ဆိုင်​ရာ​သမ္မာ​တ​ရား​ကို ဖော်​ပြ​သည့် မ​စ​တော်​မူ​သော​အ​ရှင်​တည်း​ဟူ​သော​ဝိ​ညာဉ် တော်​သည်​ရောက်​လာ​တော်​မူ​သော​အ​ခါ ငါ​၏ အ​ကြောင်း​ကို​ပြော​ကြား​တော်​မူ​လိမ့်​မည်။ ထို အ​ရှင်​ကို​ခ​မည်း​တော်​ထံ​မှ​သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည်။-

သို့​ရာ​တွင်​စစ်​သား​တစ်​ယောက်​သည်​ကိုယ်​တော် ၏​နံ​တော်​ကို​လှံ​ဖြင့်​ထိုး​လိုက်​ရာ​ချက်​ချင်း ပင်​သွေး​နှင့်​ရေ​ထွက်​လာ​၏။-

ပ​ရော​ဖက်​တို့​၏​ဟော​ကြား​ချက်​များ​သည် လည်း ဤ​အ​ချက်​နှင့်​လုံး​ဝ​ကိုက်​ညီ​လျက် ရှိ​၏။ ကျမ်း​စာ​တော်​တွင်၊

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​ကိုယ်​တိုင်​ပင်​လျှင် ငါ​တို့​၏​ဝိ​ညာဉ်​နှင့်​အ​တူ​သက်​သေ​ခံ​တော် မူ​၏။-

မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​တံ​ဆိပ်​ခတ်​နှိပ် တော်​မူ​၏။ အ​နာ​ဂတ်​ကာ​လ​၌​ငါ​တို့​အ​ဖို့ လျာ​ထား​သည်​များ​အ​တွက်​အာ​မ​ခံ​ချက် အ​ဖြစ် ကိုယ်​တော်​သည်​ငါ​တို့​စိတ်​နှ​လုံး​ထဲ သို့​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း တော်​မူ​၏။

ဤ​အ​ကြောင်း​ကြောင့်​သ​ခင်​ယေ​ရှု​သည်​လည်း မိ​မိ​၏​သွေး​တော်​အား​ဖြင့် လူ​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​များ​ကို​ဆေး​ကြော​ပေး​နိုင်​ရန်​မြို့ တံ​ခါး​၏​အ​ပြင်​ဘက်​၌​အ​သေ​ခံ​တော်​မူ​၏။-

မိ​မိ​ဘာ​သာ​တ​ရား​ကို​စွန့်​သူ​တို့​အား​နောက် တစ်​ဖန်​အ​ဘယ်​သို့​လျှင်​နောင်​တ​ရ​စေ​နိုင်​မည် နည်း။ အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​ဘု​ရား သ​ခင်​၏​အ​လင်း​တွင်​ကျင်​လည်​၍ ကောင်း​ကင် ဆု​ကျေး​ဇူး​ကို​မြည်း​စမ်း​ရ​ပြီး​လျှင် သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ခဲ့​ကြ​ဖူး​လေ​ပြီ။-

ဤ​တွင်​ရေ​ဟု​ဆို​ရာ​၌​သင်​တို့​ကို​ယ​ခု​ကယ် တင်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပုံ​ဆောင်​ပေ​သည်။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ​ခြင်း​သည်​ကိုယ်​ကာ​ယ အ​ညစ်​အ​ကြေး​များ​ကို​သန့်​စင်​ဆေး​ကြော ခြင်း​မ​ဟုတ်။ သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​စွာ​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ပြု ခြင်း​ဖြစ်​ပေ​သည်။ သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ခ​ရစ်​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု​၍ သင်​တို့​သည်​ဗတ္တိ​ဇံ​အား ဖြင့်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-

ငါ​တို့​သည်​လူ​တို့​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​တတ်​ကြ​၏။ ဘု​ရား​သ​ခင်​၏​သက်​သေ ခံ​တော်​မူ​ချက်​မှာ လူ​တို့​၏​သက်​သေ​ခံ​ချက် ထက်​ပို​၍​ပင်​ခိုင်​လုံ​၏။ ကိုယ်​တော်​သည်​သား တော်​၏​အ​ကြောင်း​သက်​သေ​ခံ​တော်​မူ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ