ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။
ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။-