Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ပေ 4:5

Common Language Bible

ဤ​သို့​ပြု​ကြ​သည့်​အ​တွက်​သူ​တို့​သည်​အ​သက် ရှင်​သူ​နှင့်​သေ​သူ​များ​အား တ​ရား​စီ​ရင်​ရန် အ​သင့်​ရှိ​နေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ ထံ​တော်​၌​စစ်​ဆေး​စီ​ရင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တော်​ကောင်း​များ​ကို​ပို့​ဆောင်​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သူ​ယုတ်​မာ​တို့​မူ​ကား​ဆုံး​ရှုံး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။

အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။

``အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​သင်​တို့ တစ်​ဦး​စီ​အား​သင်​တို့​အ​သီး​သီး​ပြု​ခဲ့ ကြ​သည့်​အ​မှု​ကို​လိုက်​၍ တ​ရား​စီ​ရင်​တော် မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​၏။ သင်​တို့​သည် ပြု​ကျင့်​လျက်​နေ​သော​ဆိုး​ညစ်​မှု​အ​ပေါင်း မှ​ကြဉ်​ရှောင်​ကြ​လော့။ အ​ပြစ်​ဒု​စ​ရိုက်​က သင်​တို့​အား​မ​ပျက်​စီး​စေ​နှင့်။-

``သင်​တို့​အား​ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော် မူ​ရာ​နေ့​၌​လူ​တို့​သည်​မိ​မိ​တို့​အ​ကျိုး​မဲ့​ပြော​ဆို သော​စ​ကား​များ​အ​တွက်​စစ်​ဆေး​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လတ္တံ့။-

သူ​ဌေး​သည်​သူ့​ကို​ခေါ်​၍ `သင့်​အ​ကြောင်း​ငါ​ကြား ရ​သည်​မှာ​အ​သို့​နည်း။ သင်​၏​လုပ်​ငန်း​နှင့်​ဆိုင်​သော ငွေ​စာ​ရင်း​များ​ကို​တင်​ပြ​လော့။ သင်​သည်​ဆက်​၍ ငါ​၏​မန်​နေ​ဂျာ​လုပ်​ရ​တော့​မည်​မ​ဟုတ်' ဟု​ဆို​၏။-

ကိုယ်​တော်​သည်​လူ​တို့​အား​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​နှင့် ကိုယ်​တော်​သည်​အ​သက်​ရှင်​နေ သူ၊ သေ​လွန်​သူ​များ​ကို​တ​ရား​စီ​ရင်​သော သ​ခင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​ခန့်​ထား​တော် မူ​ကြောင်း​ဟော​ပြော​သက်​သေ​ခံ​ရန် ငါ​တို့ အား​ပ​ညတ်​ပေး​တော်​မူ​ခဲ့​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရွေး​ချယ်​ခန့် ထား​တော်​မူ​သော​အ​ရှင်​အား​ဖြင့် လော​က​သား တို့​ကို​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သည့် နေ့​ရက်​ကို​သတ်​မှတ်​တော်​မူ​ပြီး​သော​ကြောင့် တည်း။ ထို​သို့​ဖြစ်​မည်​အ​ကြောင်း​ကို​ထို​အ​ရှင် အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား​ခိုင်​လုံ သော​သက်​သေ​ပြ​တော်​မူ​ပြီ'' ဟု​ဟော​ပြော လေ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-

ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌​လည်း​ကောင်း သေ​သူ​ရှင်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​မည့် ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက်​၌​လည်း ကောင်း ကိုယ်​တော်​သည်​အုပ်​စိုး​ရန်​ဘု​ရင်​အ​ဖြစ် ကြွ​လာ​မည်​ဖြစ်​၍​သင့်​အား​ငါ​သစ္စာ​ပေး​၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ဘု​ရား​သ​ခင်​၏ စစ်​ကြော​စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​အ​ပြစ် မ​တင်​ကြ​နှင့်။ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင် သည်​ဤ​အ​ရပ်​သို့​ရောက်​ရှိ​ကာ​တံ​ခါး​ဝ​၌ ရပ်​လျက်​နေ​တော်​မူ​လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ