Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ပေ 4:4

Common Language Bible

ယ​ခု​မှာ​မူ​သင်​တို့​သည်​မ​ယုံ​ကြည်​သူ​တို့ နှင့်​အ​တူ​ယင်း​သို့​အ​ပျော်​ကြူး​၍ စည်း​မဲ့ ကမ်း​မဲ့​သက်​ရှင်​လှုပ်​ရှား​မှု​များ​တွင်​မ​ပါ​ဝင် ကြ​တော့​ပေ။ သို့​ဖြစ်​၍​သူ​တို့​သည်​အံ့​သြ လျက်​သင်​တို့​ကို​စော်​ကား​ပြော​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပန်း​ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ် အောင်​ဆေး​ကြော​ကြ​သော်​လည်း သင်​တို့​၏​စိတ် အ​တွင်း​မှာ​ကား​လော​ဘ​လွန်​ကူး​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ဖြင့်​ပြည့်​လျက်​နေ​၏။-

ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ သား ငယ်​သည်​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​အား​လုံး​ရောင်း​ချ ၍​ရ​သော​ငွေ​ကို​ယူ​ပြီး​လျှင် ဝေး​လံ​ရပ်​ခြား တိုင်း​တစ်​ပါး​သို့​ထွက်​သွား​၏။ သူ​သည်​ထို​ပြည် တွင်​အ​ပျော်​အ​ပါး​လိုက်​စား​ကာ မိ​မိ​၏​ငွေ​ကို ဖြုန်း​တီး​ပစ်​၏။-

သို့​သော်​ယု​ဒ​အ​မျိုး​သား​တို့​သည်​လူ​ပ​ရိ​သတ် ကို​မြင်​သော​အ​ခါ မ​နာ​လို​စိတ်​ရှိ​သ​ဖြင့် ပေါ​လု ဟော​ပြော​သော​စ​ကား​များ​ကို​ငြင်း​ခုံ​ကာ​ပုတ် ခတ်​ပြော​ဆို​ကြ​၏။-

ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​အ​တိုက်​အ​ခံ ပြု​၍ ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​ပေါ​လု​သည် မိ​မိ​အ​ဝတ်​မှ​ဖုံ​များ​ကို​ခါ​ချ​၍ ``သင်​တို့ သေ​ကြေ​ပျက်​စီး​ကြ​လျှင်​သင်​တို့​၏​တာ​ဝန် ပင်​ဖြစ်​၏။ ငါ့​မှာ​တာ​ဝန်​မ​ရှိ​တော့​ပြီ။ ယ​ခု မှ​အ​စ​ပြု​၍​ငါ​သည်​လူ​မျိုး​ခြား​တို့​အား တ​ရား​ဟော​တော့​အံ့'' ဟု​ဆို​၏။-

ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည်​သူ​များ ကဲ့​သို့​ကောင်း​မွန်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ ကြ​ရ​မည်။ အ​ရက်​သေ​စာ​သောက်​ကြူး​ခြင်း၊ အ​ကျင့်​ဖောက်​ပြား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း​နှင့်​မ​နာ​လို​ခြင်း​တို့​ကို ရှောင်​ကြဉ်​ကြ​ရ​မည်။-

သင်​တို့​အား​ပျက်​စီး​စေ​မည့်​သေ​သောက်​ကြူး​ခြင်း ကို​ရှောင်​၍ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်​ရှိ​ကြ လော့။-

မ​ယုံ​ကြည်​သူ​တို့​သည်​သင်​တို့​အား​မ​ကောင်း မှု​ပြု​ကြ​သူ​များ​ဟု ပြစ်​တင်​စွပ်​စွဲ​လျက်​နေ ကြ​စဉ် သင်​တို့​၏​အ​ကျင့်​ကောင်း​များ​ကို​မြင် သ​ဖြင့်​ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ကြ​စေ​ရန် သင်​တို့​သည်​ထို​သူ​တို့​ရှေ့​တွင်​တင့် တယ်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ​လျက် နေ​ကြ​လော့။

သို့​ရာ​တွင်​သိမ်​မွေ့​ရို​သေ​စွာ​ဖြေ​ကြား​ကြ​လော့။ သင်​တို့​အား​မ​တ​ရား​ဝေ​ဖန်​၍​စော်​ကား​ပြော​ဆို သူ​တို့​သည် ခ​ရစ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သင်​တို့​ပြု​မူ​ပုံ​ကောင်း​မွန်​သင့်​မြတ်​သည်​ကို​မြင် ၍​အ​ရှက်​ရ​ကြ​စေ​ရန် သင်​တို့​၏​သြ​တ္တပ္ပ​စိတ် ကို​ကြည်​လင်​စေ​ကြ​လော့။-

သို့​ရာ​တွင်​ထို​သူ​တို့​သည်​ထောင်​ဖမ်း​၍​သတ် ဖြတ်​ပစ်​ရန်​အ​တွက် ပေါက်​ဖွား​လာ​ကြ​သည့် အ​သိ​ဉာဏ်​ကင်း​မဲ့​သော​သား​ရဲ​တိ​ရစ္ဆာန် များ​နှင့်​တူ​ကြ​သည်။ သူ​တို့​သည်​မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ကဲ့​ရဲ့​ပြော​ဆို​တတ်​ကြ​၏။ အ​သိ​ဉာဏ်​ကင်း မဲ့​သည့်​သား​ရဲ​တိ​ရစ္ဆာန်​များ​နည်း​တူ ပျက်​စီး​ရ​ကြ​လိမ့်​မည်။-

``ခွေး​သည်​မိ​မိ​အန်​ဖတ်​ကို​ပြန်​၍​စား​တတ် ၏'' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​လည်း​ကောင်း``ဝက် ကို​ရေ​ချိုး​ပေး​ပါ​မူ​သူ​သည်​ရွှံ့​နွံ​တွင်​ပြန်​၍ လူး​တတ်​၏'' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​လည်း ကောင်း​ထို​သူ​တို့​အ​တွက်​မှန်​လျက်​နေ​တော့​၏။

သို့​ရာ​တွင်​ဤ​သူ​တို့​သည်​ကား မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ပြစ်​တင်​ရှုတ်​ချ​တတ်​ကြ​၏။ တော​တိ​ရ​စ္ဆာန် များ​နည်း​တူ မိ​မိ​တို့​၏​ပင်​ကိုယ်​ဇာတိ​စိတ် အား​ဖြင့်​သိ​ရှိ​နား​လည်​ရ​သည့်​အ​ရာ​များ က​လည်း သူ​တို့​အား​ဆုံး​ရှုံး​ပျက်​စီး​စေ တတ်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ