Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 9:11

Common Language Bible

ငါ​တို့​သည်​သင်​တို့​၌​ဋ္ဌမ္မ​မျိုး​စေ့​ကို​စိုက်​ပျိုး ခဲ့​ပြီး​နောက် သင်​တို့​ထံ​မှ​ရုပ်​ပိုင်း​ဆိုင်​ရာ အ​ကျိုး​ကျေး​ဇူး​များ​ကို​ရိတ်​သိမ်း​ကြ​လျှင် ငါ​တို့​လွန်​ရာ​ကျ​မည်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​၏​အ​စေ​ခံ​တို့​သည် သူ့​ထံ​သို့​ချဉ်း​ကပ်​၍``အ​ရှင်၊ အ​ကယ်​၍​ပ​ရော​ဖက်​က​အ​ရှင့်​အား​ခက်​ခဲ​သည့် အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု​လုပ်​ခိုင်း​ပါ​က အ​ရှင် နာ​ခံ​မည်​မ​ဟုတ်​ပါ​လော။ `ရေ​ချိုး​၍​ရော​ဂါ​ပျောက် ကင်း​လော့' ဟု​ခိုင်း​သည်​ကို​ပို​၍​နာ​ခံ​သင့်​သည် မ​ဟုတ်​ပါ​လော'' ဟု​လျှောက်​ထား​ကြ​၏။-

အ​လှူ​ခံ​လွယ်​အိတ်၊ အင်္ကျီ​အ​ပို၊ ဖိ​နပ်​နှင့်​တောင် ဝှေး​တို့​ကို​မ​ယူ​ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော် လုပ်​သား​သည်​ရိက္ခာ​ကို​ရ​ထိုက်​သော​ကြောင့်​ဖြစ်​၏။

ယင်း​သို့​သူ​တို့​ဆုံး​ဖြတ်​ကြ​သည်​မှာ​မိ​မိ​တို့​စေ တ​နာ​အ​လျောက်​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​မှန်​အား ဖြင့်​ဆို​သော်​ထို​ဆင်း​ရဲ​သော​သူ​တို့​အား​ကူ​ညီ မ​စ​ရန်​သူ​တို့​မှာ​တာ​ဝန်​ရှိ​၏။ ယု​ဒ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ခံ​စား​ရ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး များ​ကို​လူ​မျိုး​ခြား​တို့​အား​ဝေ​မျှ​ကြ​သည်​ဖြစ်​ရာ လူ​မျိုး​ခြား​တို့​က​လည်း​ယု​ဒ​အ​မျိုး​သား​တို့​အား စား​ဝတ်​နေ​ရေး​ကိစ္စ​တွင်​အ​ကူ​အ​ညီ​ပေး​သင့် ကြ​ပေ​သည်။-

ထို​နည်း​တူ​စွာ​သတင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​သူ​တို့​သည်​လည်း သ​တင်း​ကောင်း အား​ဖြင့်​အ​သက်​မွေး​ရ​မည်​ဟူ​၍​သ​ခင် ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​၏။

သို့​ဖြစ်​၍​သူ​၏​တ​ပည့်​များ​သည်​ဖြောင့်​မတ်​ခြင်း တ​ရား​ကို​ဟော​ပြော​ကြေ​ညာ​သူ​များ​အ​ဖြစ် ယောင်​ဆောင်​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ် ပေ။ နောက်​ဆုံး​၌​သူ​တို့​သည်​မိ​မိ​တို့​ကျင့်​ကြံ ပြု​မူ​သည်​အ​တိုင်း​ထိုက်​သင့်​ရာ​အ​ကျိုး အ​ပြစ်​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်။

တ​ရား​တော်​ကို​သင်​ယူ​သူ​သည်​သင်​ပေး​သော သူ​အား ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။

ဤ​သို့​ဆို​သော်​ငါ​သည်​အ​လှူ​ကို​ခံ​ယူ​လို​၍ မ​ဟုတ်။ သင်​တို့​၏​ငွေ​စာ​ရင်း​တွင်​အ​မြတ်​တိုး လာ​စေ​ရန်​ငါ​အ​လို​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ