Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 9:10

Common Language Bible

ငါ​တို့​အ​တွက်​အ​ကယ်​ပင်​မိန့်​တော်​မူ​ခြင်း မ​ဟုတ်​လော။ အ​ကယ်​ပင်​ငါ​တို့​အ​တွက်​ရေး သား​ထား​ခြင်း​ဖြစ်​သည်။ လယ်​ထွန်​သော​သူ နှင့်​ရိတ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​၏​ဝေ စု​ကို​မျှော်​လင့်​လျက်​လုပ်​ကိုင်​ကြ​ရာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကျန်​ရှိ​သ​မျှ​သော​အ​လှူ​သည်​သင်​တို့​တဲ တော်​၌ အ​မှု​ဆောင်​သည့်​အ​တွက်​ခံ​ထိုက်​သော အ​ခ​ဖြစ်​ခြင်း​ကြောင့် ထို​အ​လှူ​ကို​သင်​နှင့် သင်​၏​မိ​သား​စု​တို့​သည်​မည်​သည့်​နေ​ရာ ၌​မ​ဆို​စား​သုံး​နိုင်​သည်။-

ဘု​ရား​သ​ခင်​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင်​အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ​ကင်း လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ​အ​ဖို့ အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ​တော်​မူ​လိမ့် မည်။''

ကျမ်း​စာ​တော်​တွင်​ရေး​သား​ဖော်​ပြ​ထား​သ​မျှ သော​အ​ရာ​တို့​သည် ငါ​တို့​အား​သွန်​သင်​ဆုံး​မ​ရန် အ​တွက်​ဖြစ်​၏။ ယင်း​သို့​ရေး​သား​ဖော်​ပြ​ရ​ခြင်း မှာ​ငါ​တို့​သည်​ကျမ်း​စာ​တော်​မှ​ရ​ရှိ​သည့် သည်း​ခံ မှု​နှင့်​နှစ်​သိမ့်​မှု​တို့​အား​ဖြင့်​မိ​မိ​တို့​၌​မျှော်​လင့် ခြင်း​ရ​ရှိ​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။-

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​တော်​၌​အ​လုပ် လုပ်​သော​လုပ်​ဖော်​ကိုင်​ဘက်​ဖြစ်​ကြ​၏။ သင်​တို့ သည်​ကား​ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​ဖြစ်​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျောင်း​တော်​တိုက် လည်း​ဖြစ်​၏။-

ဤ​အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​လို့​ငှာ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သူ​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​သည်​နှင့် အ​မျှ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင် ရှား​အံ့​သော​ငှာ​ချီး​မွမ်း​သည့်​ဆု​တောင်း ပတ္ထ​နာ​များ​သည်​လည်း​ပို​မို​များ​ပြား လာ​လိမ့်​မည်။

ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ခဲ့​သော​လယ်​သ​မား သည်​သီး​နှံ​ကို​ဦး​စွာ​စား​သုံး​သင့်​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ