Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 7:35

Common Language Bible

ဤ​သို့​ငါ​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​အ​ကျိုး​ကို လို​လား​၍​ပြော​ခြင်း​ဖြစ်​၏။ သင်​တို့​အား​ချုပ် ချယ်​လို​သော​ကြောင့်​မ​ဟုတ်။ သင်​တို့​အား​မှန် ကန်​လျောက်​ပတ်​စွာ​ပြု​ကျင့်​ကြ​စေ​ရန်​နှင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဦး​လည်​မ​သုန် အ​ကြွင်း​မဲ့​ဆက်​ကပ်​လျက်​ထမ်း​ဆောင်​ကြ စေ​ရန်​လို​လား​သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ချို့​သော​သူ​တို့​တွင်​မွေး​စ​က​ပင်​အိမ်​ထောင် ပြု​နိုင်​ရန်​စွမ်း​ရည်​မ​ပါ​မ​ရှိ​ကြ။ အ​ချို့​တို့​မှာ လူ​တို့​က​ထို​စွမ်း​ရည်​ကို​ဖျက်​ဆီး​ပစ်​လိုက်​သော ကြောင့်​အိမ်​ထောင်​ပြု​၍​မ​ရ​ကြ။ အ​ချို့​မှာ​မူ ကောင်း​ကင်​နိုင်​ငံ​တော်​၏​အ​ကျိုး​ကို​ထောက်​၍ အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ကြ​၏။ အိမ်​ထောင်​မ​ပြု ဘဲ​နေ​နိုင်​သူ​သည်​အိမ်​ထောင်​မ​ပြု​စေ​နှင့်'' ဟု မိန့်​တော်​မူ​၏။

ထို​နောက်​ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​သွား​ပြီး​လျှင် ကိုယ်​တော်​အား​အ​ဘယ်​သို့​ပ​ရိ​ယာယ်​ဆင်​၍ မေး​မြန်း​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။-

``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-

ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​ကား​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​ပြီး​နောက်​စိုး​ရိမ်​ကြောင့် ကြ​မှု၊ ချမ်း​သာ​ကြွယ်​ဝ​မှု၊ ကာ​မ​ဂုဏ်​ခံ​စား​မှု များ​က​လွှမ်း​မိုး​သ​ဖြင့်​အောင်​မြင်​သော​အ​သီး မ​သီး​နိုင်​သူ​များ​ကို​ဆို​လို​၏။-

သို့​သော်​ကာ​မ​ဂုဏ်​လိုက်​စား​မှု​များ​လွန်​စွာ များ​ပြား​လျက်​နေ​သ​ဖြင့် အ​မျိုး​သား​တိုင်း မှာ​ဇ​နီး​ရှိ​သင့်​၏။ အ​မျိုး​သမီး​တိုင်း​မှာ​လည်း ခင်​ပွန်း​ရှိ​သင့်​၏။-

သို့​သော်​အိမ်​ထောင်​ပြု​လျှင်​လည်း​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကူး​လွန်​ခြင်း​မ​ဟုတ်။ အိမ်​ထောင်​မ​ရှိ သည့်​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​ပြု​ခဲ့​သော် မည်​သည့်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်။ သို့​ရာ​တွင် အိမ်​ထောင်​သည်​တို့​နေ့​စဉ်​တွေ့​ကြုံ​ကြ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​နှင့် သင်​တို့​အား​ကင်း​ဝေး​စေ လို​၍​ဤ​သို့​ငါ​ပြော​ရ​ခြင်း​ဖြစ်​၏။

စေ့​စပ်​ကြောင်း​လမ်း​ပြီး​နောက်​ထိမ်း​မြား​မင်္ဂ​လာ မ​ပြု​ရန် သ​ဘော​တူ​စိတ်​ပိုင်း​ဖြတ်​ထား​သူ​နှစ်​ဦး နှင့်​ပတ်​သက်​၍​ပြော​ရ​သော် အ​မျိုး​သား​သည် အ​မျိုး​သ​မီး​အ​ပေါ်​တွင် မိ​မိ​ပြု​မူ​ပုံ​မ​လျောက် ပတ်​သည်​ကို​သိ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​မ​ထိန်း​ချုပ်​နိုင်​သော​အ​ခါ​၌​သော် လည်း​ကောင်း​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ရာ​၏။ ဤ​သို့ ပြု​ခြင်း​၌​အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ။-

သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဖြစ် သြဖင့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု၊ ညစ်​ညမ်း​မှု​နှင့် လော​ဘ​လွန်​ကူး​မှု​အ​ကြောင်း​တို့​ကို​သင် တို့​တွင်​ပြော​ဆို​ခြင်း​ပင်​မ​ရှိ​စေ​နှင့်။-

ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပြော​ရ လျှင် သင်​တို့​သည်​မှန်​ကန်​သော​အ​ရာ၊ မွန်​မြတ် သော​အ​ရာ၊ လျောက်​ပတ်​သော​အ​ရာ၊ ဖြူ​စင် သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​သ​ရေ ရှိ​သော​အ​ရာ​တည်း​ဟူ​သော​ကောင်း​မြတ်​၍ ချီး​မွမ်း​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။-

အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။-

ထို​နည်း​တူ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ အ​မျိုး​သ​မီး​တို့​သည်​လည်း ဘု​ရား​တ​ရား ကြည်​ညို​သူ​များ​ဖြစ်​ရန်​သွန်​သင်​လော့။ သူ တို့​သည်​သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​သူ များ၊ အ​ရက်​၏​ကျွန်​များ​မ​ဖြစ်​စေ​ရ။ အ​ကောင်း ကို​သင်​ကြား​ပေး​တတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ