၁ ကော 7:34Common Language Bibleထို့ကြောင့်သူသည်စိတ်နှစ်ခွဖြစ်၍နေ၏။ အိမ် ထောင်မဲ့အမျိုးသမီးသို့မဟုတ်အပျိုဖြစ်သူ သည်သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပါဆက်ကပ်လိုသဖြင့် သခင် ဘုရား၏အမှုတော်ကိုအလေးအနက်ထား တတ်၏။ သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသမီး မူကား မိမိခင်ပွန်းနှစ်သက်စေရန်စိတ်ဆန္ဒ ရှိသဖြင့်လောကီမှုရေးကိုအလေးအနက် ထားတတ်၏။ အခန်းကိုကြည့်ပါ။ |
ဤသို့ငါပြောရခြင်းမှာသင်တို့၏အကျိုးကို လိုလား၍ပြောခြင်းဖြစ်၏။ သင်တို့အားချုပ် ချယ်လိုသောကြောင့်မဟုတ်။ သင်တို့အားမှန် ကန်လျောက်ပတ်စွာပြုကျင့်ကြစေရန်နှင့် သခင်ဘုရား၏အမှုတော်ကိုဦးလည်မသုန် အကြွင်းမဲ့ဆက်ကပ်လျက်ထမ်းဆောင်ကြ စေရန်လိုလားသောကြောင့်ဖြစ်၏။
ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အားအကုန်အစင်သန့်ရှင်းဖြူစင်စေ တော်မူပါစေသော။ ငါတို့အရှင်သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၌ သင်တို့ သည်အပြစ်ဆိုဖွယ်မရှိကြစေရန်ဘုရား သခင်သည် သင်တို့၏ကိုယ်စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေသော။-