Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 7:21

Common Language Bible

ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​ချိန်​တွင်​သင်​သည် ကျွန်​ဖြစ်​ပါ​လျှင်​ကိစ္စ​မ​ရှိ။ သို့​သော်​ကျွန်​အ​ဖြစ် မှ​လွတ်​မြောက်​ခွင့်​ရ​မည်​ဆို​ပါ​က​ထို​အ​ခွင့် ကို​ယူ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

``အ​ဘယ်​အ​ရာ​ကို​စား​ရ​အံ့​နည်း၊ အ​ဘယ် အ​ရာ​ကို​သောက်​ရ​အံ့​နည်း​ဟူ​၍​စိုး​ရိမ်​ပူ​ပန် မှု​မ​ရှိ​ကြ​နှင့်။-

``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-

ထို​နည်း​တူ​စွာ​ငါ​တို့​သည်​ယု​ဒ​လူ​မျိုး​ဖြစ် စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ် သူ​ဖြစ်​စေ၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့​ဗတ္တိ​ဇံ​ခံ ယူ​ကြ​၏။ ငါ​တို့​ရှိ​သ​မျှ​သည်​ဝိ​ညာဉ်​တော် တစ်​ပါး​တည်း​ကို​သောက်​ကြ​ရ​၏။

လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ချိန်​က​မိ​မိ​လုပ်​ကိုင်​နေ​သည့် အ​လုပ်​ကို​ဆက်​လက်​လုပ်​ကိုင်​ရာ​၏။-

ကျွန်​ဖြစ်​စဉ်​သ​ခင်​ဘု​ရား​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​သူ​သည်​သ​ခင်​ဘု​ရား​၏​လွတ်​မြောက် သူ​ဖြစ်​၏။ ထို​နည်း​တူ​စွာ​လွတ်​မြောက်​သူ​သည် ခ​ရစ်​တော်​၏​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ သော​အ​ခါ​ခ​ရစ်​တော်​၏​ကျွန်​ဖြစ်​လာ​၏။-

သို့​ဖြစ်​၍​ယုဒ​လူ​မျိုး​နှင့်​လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ ကျွန်​နှင့်​လွတ်​လပ်​သူ​ဟူ​၍​လည်း ကောင်း၊ ယောကျာ်း​နှင့်​မိန်း​မ​ဟူ​၍​လည်း​ကောင်း ခွဲ​ခြား​မှု​မ​ရှိ​တော့​ပြီ။ သင်​တို့​အ​ပေါင်း​သည် ခ​ရစ်​တော်​ယေ​ရှု​၌​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​၏။-

ငါ့​အား​သင်​တို့​လျစ်​လူ​ရှု​၍​ထား​ကြ​လေ ပြီ​ဟု​ယူ​ဆ​သ​ဖြင့် ဤ​စကား​ကို​ပြော​ဆို​ရ ခြင်း​လည်း​မ​ဟုတ်​ပါ။ ငါ​သည်​မိ​မိ​တွင်​ရှိ သ​မျှ​နှင့်​ရောင့်​ရဲ​စွာ​နေ​တတ်​ရန်​သင်​ယူ ထား​ပြီး​ဖြစ်​သည်။-

အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။-

သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။

သင်​တို့​သည်​ငွေ​အ​တွက်​အ​သက်​မ​ရှင်​နှင့်။ ရှိ​သ​မျှ​ဖြင့်​ရောင့်​ရဲ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့်၊ အ​ဘယ်​အ​ခါ ၌​မျှ​ပစ်​၍​မ​ထား'' ဟု​မိန့်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-

ကိုယ်​တော်​သည်​သင်​တို့​ကို​အ​လေး​ဂ​ရု​ပြု တော်​မူ​သော​ကြောင့် သင်​တို့​၏​ပူ​ပင်​သော​က ရှိ​သ​မျှ​တို့​ကို​ကိုယ်​တော်​အား​ပုံ​၍​အပ်​နှံ ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ