လူတိုင်းပင်ဘုရားသခင်ရွေးကောက်တော်မူ ခြင်းခံရစဉ်အချိန်ကမိမိလုပ်ကိုင်နေသည့် အလုပ်ကိုဆက်လက်လုပ်ကိုင်ရာ၏။-
မိမိနေရာကိုစွန့်၍ လည်သောသူသည် မိမိ အသိုက်ကို စွန့်၍လည်သော ငှက်နှင့်တူ၏။
မည်သို့ပင်ဆိုစေ၊ လူအသီးသီးတို့သည်သခင် ဘုရားပေးတော်မူသည့်ဆုကျေးဇူးများနှင့် အညီ ဘုရားသခင်ရွေးကောက်တော်မူစဉ် အခါကရှိခဲ့သည့်အခြေအနေအတိုင်း ဆက်လက်၍အသက်ရှင်ရာ၏။ ဤနည်းအတိုင်း အသင်းတော်အားလုံးအားငါဟောပြောသွန် သင်၏။-
သင်သည်အိမ်ထောင်သည်ဖြစ်လျှင် မိမိ၏ဇနီး ကိုစွန့်ပယ်ရန်မကြံစည်နှင့်။ အိမ်ထောင်သည်မဟုတ် ပါကအိမ်ထောင်ပြုရန်မကြံစည်နှင့်။-
သင်တို့သည်ယခင်ကငါတို့ညွှန်ကြားခဲ့သည့် အတိုင်းငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့် အရေးကိစ္စကိုဂရုစိုက်ရန်လည်းကောင်း၊ ကိုယ့် လက်ဖြင့်လုပ်ကိုင်ရန်လည်းကောင်းကြိုးစား အားထုတ်ကြလော့။-
ဤကဲ့သို့သောသူတို့အားငြိမ်ဝပ်စွာနေထိုင် ကာအလုပ်ကိုလုပ်၍အသက်မွေးဝမ်းကျောင်း ကြရန် ငါတို့သည်အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြုလျက်အမိန့်ပေး ၍တိုက်တွန်း၏။