Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 5:3

Common Language Bible

ငါ​သည်​သင်​တို့​ထံ​သို့​ကိုယ်​တိုင်​မ​ရောက်​သော် လည်း​စိတ်​ရောက်​လျက်​ရှိ​၏။ ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​သို့​ရောက်​နေ​ဘိ​သ​ကဲ့​သို့ ထို​ဆိုး ယုတ်​သော​အ​မှု​ကို​ပြု​သူ​အား​ငါ​တို့​အ​ရှင် ယေ​ရှု​၏​နာ​မ​၌ ယ​ခု​ပင်​ငါ​တ​ရား​စီ​ရင် ပြီ။ သင်​တို့​စု​ဝေး​ကြ​စဉ်​ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​တွင်​စိတ်​ရောက်​ရှိ​နေ​မည်။ ငါ​တို့ ၏​အ​ရှင်​ယေ​ရှု​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​တို့​နှင့်​အ​တူ​ရှိ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

အ​သင်း​တော်​ဝင်​မ​ဟုတ်​သူ​တို့​ကို​စစ်​ကြော စီ​ရင်​ရန်​မှာ ငါ​၏​အ​လုပ်​မ​ဟုတ်။ ထို​သူ​တို့ ကို​ဘု​ရား​သ​ခင်​စစ်​ကြော​စီ​ရင်​တော်​မူ လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ၏​အ​သင်း​တော်​ဝင်​တို့​ကို​စစ်​ကြော​စီ​ရင် သင့်​ကြ​သည်​မ​ဟုတ်​ပါ​လော။ ကျမ်း​စာ တော်​က​ဖော်​ပြ​သည်​အ​တိုင်း ``သင်​တို့ အ​ထဲ​မှ​ဆိုး​ညစ်​သော​သူ​ကို​ပယ်​ရှား ကြ​လော့။''

ခ​ရစ်​တော်​၏​စိတ်​နှိမ့်​ချ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု​တို့ ကို​အ​ကြောင်း​ပြု​၍​ငါ​သည်​သင်​တို့​အား​မေတ္တာ ရပ်​ခံ​ပါ​၏။ ငါ​ကား​သင်​တို့​ရှေ့​မှောက်​တွင်​ပျော့ ညံ့​၍​သင်​တို့​မျက်​ကွယ်​တွင်​မူ​ရဲ​စွမ်း​သတ္တိ​ရှိ သူ​ပေါ​လု​ပင်​ဖြစ်​ပေ​သည်။-

ငါ​တို့​သည်​အ​ဝေး​၌​ရှိ​စဉ်​အ​ခါ​က​စာ​ရေး ပြော​ကြား​လိုက်​သည်​အ​တိုင်း​ပင် လူ​ကိုယ်​တိုင် ရောက်​ရှိ​လာ​ချိန်​၌​ပြု​မူ​ဆောင်​ရွက်​မည်​ဖြစ် ကြောင်း​ထို​သူ​အား​အ​သိ​ပေး​လိုက်​သည်။

ဒု​တိ​ယ​အ​ကြိမ်​ငါ​လာ​ရောက်​ခဲ့​စဉ်​အ​ခါ​က ``နောက် တစ်​ကြိမ်​ငါ​လာ​လျှင်​သင်​တို့​အား​ငါ​ညှာ​တာ​လိမ့် မည်​မ​ဟုတ်'' ဟု​ယ​ခင်​အ​ပြစ်​ကူး​ခဲ့​သူ​များ​နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား​ငါ​ကိုယ်​တိုင်​ကြို တင်​သ​တိ​ပေး​ခဲ့​၏။ ယ​ခု​လည်း​ဤ​အ​တိုင်း ပင်​အ​ဝေး​မှ​ငါ​ထပ်​မံ​၍​သ​တိ​ပေး​လိုက်​၏။-

ငါ​သည်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ဝေး​ကွာ သော်​လည်း​စိတ်​အား​ဖြင့်​သင်​တို့​နှင့်​အ​တူ​ရှိ​၏။ သင်​တို့​သည်​တစ်​လုံး​တစ်​စည်း​တည်း​ရှိ​၍ ခ​ရစ် တော်​ကို​မြဲ​မြံ​ခိုင်​မာ​စွာ​ယုံ​ကြည်​လျက်​နေ ကြ​သည်​ကို​တွေ့​ရ​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။

ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​သင်​တို့​ထံ​မှ​ခေတ္တ ခ​ဏ​မျှ​သာ​ခွဲ​ခွာ​၍​နေ​ခဲ့​ရ​ကြ​၏။ ယင်း​သို့ ငါ​တို့​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ခွဲ​ခွာ ၍​နေ​ရ​သော်​လည်း သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌ မျှ​မ​မေ့။ ငါ​တို့​သည်​သင်​တို့​ကို​အ​လွန်​အောက် မေ့​သ​တိ​ရ​ကြ​သ​ဖြင့် သင်​တို့​ကို​တစ်​ဖန် ပြန်​၍​တွေ့​နိုင်​ရန်​အ​ထူး​ကြိုး​စား​ခဲ့​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ