Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 5:2

Common Language Bible

သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​ကြွား​ဝါ နိုင်​သ​နည်း။ သင်​တို့​သည်​ဝမ်း​နည်း​ပူ​ဆွေး​သင့် ကြ​၏။ ထို​အ​မှု​ကို​ကူး​လွန်​သူ​အား​သင် တို့​အ​ထဲ​မှ​နှင်​ထုတ်​သင့်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​မြို့​သူ​မြို့​သား​တို့ အား ဒဏ်​ခတ်​ရန်​ငါ​ခြိမ်း​ခြောက်​သည်​ကို​ကြား သိ​သော​အ​ခါ သင်​သည်​ငို​ကြွေး​ကာ​မိ​မိ​အ​ဝတ် ကို​ဆုတ်​ပြီး​လျှင် နောင်​တ​ရ​၍​ငါ​၏​ရှေ့​တော် တွင်​စိတ်​နှိမ့်​ချ​လျက်​နေ​၏။ ငါ​သည်​ဤ​မြို့​ကို ပျက်​ပြုန်း​စေ​မည်။ ဤ​မြို့​၏​နာ​မည်​သည် လူ​တို့ ကျိန်​ဆဲ​ရာ​လက်​သုံး​စ​ကား​ဖြစ်​လိမ့်​မည်။ သို့ ရာ​တွင်​ငါ​သည်​သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပြီ။-

လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​လိုက်​နာ​ကြ​သ​ဖြင့် ကွန်​တော်​မျိုး​၏​မက်​ရည်​မား​သည်​မြစ်​ရေ ကဲ့​သို့ စီး​ဆင်း​လက်​ရှိ​ပါ​၏။

အ​ကယ်​၍​သင်​တို့​နား​မ​ထောင်​ကြ​ပါ​မူ ငါ​သည်​သင်​တို့​၏​မာန်​မာ​န​ထောင်​လွှား​မှု အ​တွက် ကြိတ်​၍​ငို​ကြွေး​မည်။ ငါ​သည်​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​သိုး​စု​တော်​သည်​ဖမ်း​ဆီး ခေါ်​ဆောင် သွား​ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​၍​ငါ့​မျက်​ရည်​စီး ကျ​မည်။

``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​လျှောက်​လုံး တွင်​လှည့်​လည်​ကာ ယ​ခု​လူ​တို့​ပြု​ကျင့်​လျက် ရှိ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့် ညည်း​တွား​မြည်​တမ်း​နေ​သူ​မှန်​သ​မျှ​၏ န​ဖူး​တွင် အ​မှတ်​သ​ညာ​ကို​ရေး​မှတ်​လော့'' ဟု​မိန့်​တော်​မူ​၏။

အ​သက်​ကြီး​သူ​များ၊ ပျို​ရွယ်​သူ​ယောကျာ်း မိန်း​မ​များ၊ က​လေး​အ​မေ​များ​နှင့်​က​လေး များ​ကို​သတ်​ကြ​လော့။ သို့​ရာ​တွင်​န​ဖူး တွင်​အ​မှတ်​သ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​ထိ​နှင့်။ ငါ​၏​ဗိ​မာန်​တော်​မှ​အ​စ ပြု​၍​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော်​မူ​သည် ကို​ငါ​ကြား​ရ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​သည် ဗိ​မာန်​တော်​တွင်​ရပ်​လျက်​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​သက်​ကြီး​သူ​များ​ကို​ဦး စွာ​သတ်​ကြ​၏။

မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် တဲ​တော်​တံ​ခါး​ဝ​တွင်​ငို​ကြွေး​မြည် တမ်း​လျက်​ရှိ​နေ​စဉ် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​သည်​သူ​တို့​ရှေ့​မှောက်​၌ မိ​ဒျန်​အ​မျိုး သ​မီး​တစ်​ယောက်​ကို​မိ​မိ​၏​တဲ​အ​တွင်း​သို့ ခေါ်​သွင်း​သွား​သည်​ကို​မြင်​ကြ​၏။-

သင်​တို့​ထံ​သို့​ငါ​လာ​ရောက်​တော့​မည်​မ​ဟုတ် ဟု​ထင်​မှတ်​ကာ သင်​တို့​အ​နက်​အ​ချို့​သော သူ​တို့​သည်​မာန​ထောင်​လွှား​လျက်​ရှိ​ကြ​၏။-

သင်​တို့​ထံ​ရောက်​သော​အ​ခါ​ငါ​တွေ့​မြင် လို​သည့်​အ​ခြေ​အ​နေ​မျိုး​တွင်​သင်​တို့ အား​မ​တွေ့​ရ​မည်​ကို​လည်း​ကောင်း၊ သင် တို့​သည်​လည်း​မိ​မိ​တို့​မြင်​လို​သည့်​အ​ခြေ အ​နေ​တွင်​ငါ​တို့​အား​မ​တွေ့​ရ​ကြ​မည် ကို​လည်း​ကောင်း​စိုး​ရိမ်​မိ​၏။ ခိုက်​ရန်​ဖြစ် ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ဂုဏ် ပြိုင်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ တီး​တိုး ဂုံး​ချော​ခြင်း၊ မောက်​မာ​ထောင်​လွှား​ခြင်း၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​တို့​ကို​ငါ တွေ့​ရ​မည်​ကို​စိုး​ရိမ်​မိ​၏။-

နောက်​တစ်​ဖန်​သင်​တို့​ထံ​သို့​လာ​သော​အ​ခါ ငါ​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​သင်​တို့​ရှေ့ တွင်​အ​ရှက်​ရ​စေ​တော်​မူ​လိမ့်​မည်​လော​ဟူ​၍ လည်း​ကောင်း၊ ယ​ခင်​က​အ​ပြစ်​ကူး​ခဲ့​ကြ ပြီး​နောက်​ယ​ခု​တိုင်​အောင်​ပင်​နောင်​တ​မ​ရ​ဘဲ အ​ကျင့်​ပျက်​ပြား​လျက်​သူ​တစ်​ပါး​အိမ်​ရာ ကို​ပြစ်​မှား​၍​ကာ​မ​ဂုဏ်​လိုက်​စား​လျက်​ရှိ နေ​ကြ​သူ​များ​အ​တွက် ငါ​သည်​မျက်​ရည် ကျ​ရ​လိမ့်​မည်​လော​ဟူ​၍​လည်း​ကောင်း စိုး​ရိမ်​မိ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ