Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 15:43

Common Language Bible

မြှုပ်​နှံ​ခြင်း​ခံ​ရ​သော​အ​ခါ​အ​သ​ရေ​ပျက်​၍ စွမ်း​အား​မ​ရှိ။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌ အ​သ​ရေ​နှင့်​ပြည့်​စုံ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

လူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။

ငါ​ငယ်​စဉ်​အ​ခါ​က​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​အင်​ချိ​နဲ့​စေ​တော်​မူ​၍​ငါ​၏​အ​သက် ကို တို​စေ​တော်​မူ​ပါပြီ။

ပိတ်​ချော​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​သော ကောင်း​ကင်​တ​မန်​က``ထို​ကာ​လ​၌​ကြီး မြတ်​သော​ကောင်း​ကင်​တ​မန်​မိက္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ သူ​သည်​သင်​၏​အ​မျိုး​သား များ​ကို​စောင့်​ထိန်း​သော​သူ​ဖြစ်​၏။ ထို​နောက် လူ​မျိုး​အ​ပေါင်း​တို့​ဖြစ်​ပေါ်​လာ​ချိန်​မှ​အ​စ ပြု​၍ အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​ဘူး​သော ဆင်း​ရဲ​ဒုက္ခ​များ​ဆိုက်​ရောက်​ရာ​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​၌​ဘု​ရား​သ​ခင်​၏​စာ​စောင်​တော်​တွင်​စာ​ရင်း​ဝင် သူ သင်​၏​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်။-

ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။

သ​ခင်​ယေ​ရှု​က ``ငါ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ်​သူ မ​ဟုတ်။ ငါ​သည်​ငါ့​ခ​မည်း​တော်​ကို​ချီး​မြှောက် ၏။ သင်​တို့​ကား​ငါ့​ကို​ရှုတ်​ချ​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​သ​ခင်​ဘု​ရား​ကို ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။ ငါ​တို့​ကို လည်း​တန်​ခိုး​တော်​အား​ဖြင့်​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​လိမ့်​မည်။

သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်၊ ဘု​ရား​သ​ခင်​၏ မေတ္တာ​တော်​နှင့်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​မိတ် သ​ဟာ​ယ​တော်​သည်​သင်​တို့​အ​ပေါင်း​နှင့်​အ​တူ ရှိ​ပါ​စေ​သော။ ကော​ရိန္သု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။

ကိုယ်​တော်​သည်​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သတ်​ခံ​ရ စဉ်​အ​ခါ​၌​စွမ်း​အား​နည်း​သည့်​အ​ခြေ​အ​နေ​၌ ရှိ​တော်​မူ​ခဲ့​သော်​လည်း၊ ယ​ခု​အ​ခါ​ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​အား​ဖြင့်​အ​သက်​ရှင်​လျက်​နေ​တော် မူ​လေ​ပြီ။ ငါ​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​သ​ဖြင့်​စွမ်း​အား​နည်း​ရ​ကြ​၏။ သို့ ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အား​ဖြင့် ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​လျက် သင်​တို့​နှင့်​ဆက်​ဆံ​မည်။

ငါ​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း၊ ထ​မြောက် ရှင်​ပြန်​တော်​မူ​ခြင်း​၏​တန်​ခိုး​တော်​ကို​ခံ​စား​ခြင်း၊ ခ​ရစ်​တော်​နှင့်​အ​တူ​ဆင်း​ရဲ​ဒုက္ခ​ခံ​ခြင်း၊ ကိုယ်​တော် အ​သေ​ခံ​တော်​မူ​ခြင်း​၌​ပါ​ဝင်​ခြင်း​တို့​ကို​သာ လို​ချင်​တောင့်​တ​၏။-

သင်​တို့​အ​သက်​အ​စစ်​အ​မှန်​သည်​ခ​ရစ်​တော် ဖြစ်​သည်။ ကိုယ်​တော်​ထင်​ရှား​တော်​မူ​သော​အ​ခါ သင်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း အ​သ​ရေ​တော်​ကို​ခံ​စား​ရ​ကြ​လတ္တံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ