Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 15:42

Common Language Bible

ထို​နည်း​တူ​သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း သည်​ဤ​အ​တိုင်း​ဖြစ်​၏။ ကိုယ်​ခန္ဓာ​သည်​မြေ​၌​မြှုပ်​နှံ ခြင်း​ခံ​ရ​သော​အ​ခါ​ပုပ်​ပျက်​တတ်​သော​အ​ဖြစ် တွင်​ရှိ​၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​မ​ပုပ် မ​ပျက်​တတ်​သော​အ​ဖြစ်​တွင်​ရှိ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​မြေ​မှ​ဖြစ်​လာ​၍​မြေ​သို့​ပြန်​သွား ရ​သည်​တိုင်​အောင် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန်​ချွေး ထွက်​လျက်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​မည်။ သင်​သည် မြေ​မှ​ဖြစ်​လာ​၍ မြေ​သို့​ပြန်​သွား​ရ​မည်'' ဟု မိန့်​တော်​မူ​၏။

ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ဟူ၍၎င်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ် သည်ဟူ၍၎င်း ငါဆိုရ၏။

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ​နိုင်​ငံ​သို့​လား​ရန် အ​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ ကျွန်​တော်​မျိုး​သည်​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ ထမ်း​ခဲ့​ပါ​၏။ ကွန်​တော်​မျိုး​အား​သေ​မင်း​၏​လက်​သို့ အပ်​တော်​မူ​မည်​မ​ဟုတ်​ပါ။

သူ​တို့​သည်​သိုး​များ​ကဲ့​သို့​သေ​ကြ​ရ​၏။ သေ​မင်း​သည်​သူ​တို့​၏​သိုး​ထိန်း​ဖြစ်​လိမ့်​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​မိ​မိ​တို့​အိမ်​နှင့် ဝေး​ကွာ​လှ​သည့်​မ​ရ​ဏာ​နိုင်​ငံ​တွင် မ​ကြာ​မီ​ပုပ်​ပျက်​သွား​စဉ်​သူ​တော်​ကောင်း​တို့ သည် သူ​တို့​ကို​အ​နိုင်​ရ​ကြ​လိမ့်​မည်။

ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​သည်​စိတ်​ငြိမ်း အေး​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​သက်​ကို​ဘေး​အန္တရာယ်​အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​မှန်​သ​မျှ​ကို​လည်း ဖြေ​လွှတ်​တော်​မူ​ပါ​၏။

ခေါင်း​ဆောင်​ပ​ညာ​ရှိ​တို့​သည် မိုး​ကောင်း​ကင် ၏​အ​လင်း​ရောင်​ကဲ့​သို့​ကြည်​လင်​တောက်​ပ ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​အား အ​မှန်​တ​ရား​ကို​ကျင့်​သုံး​ရန် သွန်​သင်​ပေး ကြ​သူ​တို့​သည်​လည်း​ကြယ်​တာ​ရာ​များ​ကဲ့ သို့ ထာ​ဝ​စဉ်​ထွန်း​လင်း​တောက်​ပ​ကြ​လိမ့် မည်။'' ဟု​ဆို​၏။

ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မူ​မည်​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​ကို​စောင့်​သိ​သော​အ​စေ​ခံ​အား သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​မည် မ​ဟုတ်​သော​ကြောင့်​တည်း။

နောင်​အ​ခါ​တွင်​ဘု​ရား​သ​ခင်​မည်​သို့​ပြု​တော် မူ​မည်​ကို​သိ​သ​ဖြင့်၊ `ကိုယ်​တော်​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မ​မူ။ သူ​၏​ခန္ဓာ​ကို​သင်္ချိုင်း​တွင်​ပုပ်​ပျက် စေ​တော်​မူ​မည်​မ​ဟုတ်' ဟု​သေ​ခြင်း​မှ​မေ​ရှိ​ယ​ထ​မြောက်​တော်​မူ မည့်​အ​ကြောင်း​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​၏။-

သေ​ခြင်း​တ​ရား​ကင်း​သည့်​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​မည့်​အ​စား​သေ​မျိုး​ဖြစ်​သည့် လူ၊ ငှက်၊ ခြေ​လေး​ချောင်း​သတ္တ​ဝါ၊ သို့​မ​ဟုတ်​တွား တတ်​သော​သတ္တ​ဝါ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သော ရုပ်​တု​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ​လေ သည်။

အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။-

ထို​မျှော်​လင့်​ချက်​မှာ​တစ်​နေ့​သော​အ​ခါ​၌ အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​သည်​ဖောက်​ပြန် ပျက်​စီး​ခြင်း​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​၍ ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့်​အ​တူ လွတ်​လပ်​မှု​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​ခွင့် ရ​ရှိ​လိမ့်​မည်​ဖြစ်​သည်။-

နေ​၏​တင့်​တယ်​မှု​သည်​တစ်​မျိုး၊ လ​၏​တင့်​တယ်​မှု သည်​တစ်​မျိုး၊ ကြယ်​တာ​ရာ​များ​၏​တင့်​တယ်​မှု​သည် တစ်​မျိုး​ဖြစ်​၏။ ကြယ်​တစ်​လုံး​နှင့်​တစ်​လုံး​ပင်​တင့် တယ်​မှု​မ​တူ​ချေ။

လူ့​ဇာ​တိ​မြေ​၌​မျိုး​ကြဲ​သော​သူ​သည်​သေ​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​မြေ​၌​မျိုး​ကြဲ​သူ သည်​ဝိ​ညာဉ်​တော်​မှ ထာ​ဝ​ရ​အ​သက်​ကို​ရိတ်​သိမ်း ရ​လိမ့်​မည်။-

သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု တော်​အ​တွက် ဘု​ရား​သ​ခင်​လျာ​ထား​တော် မူ​သော​ကောင်း​ချီး​မင်္ဂလာ​များ​ကို​ခံ​စား​နိုင် ရန်​မျှော်​မှန်း​ကြ​ပေ​သည်။ ကိုယ်​တော်​သည် ထို​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ကောင်း​ကင် ဘုံ​တွင် သင်​တို့​အ​ဖို့​လျာ​ထား​တော်​မူ​၏။ ယင်း​တို့​သည်​ယို​ယွင်း​ပျက်​စီး​မှေး​မှိန်​၍ မ​သွား​နိုင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ