မသိမှတ်လျှင်သူ့ကိုလည်းအသိအမှတ်မပြု ကြနှင့်။
ဣသရေလပြည်သားတို့သည်ရုပ်တုကို ကိုးကွယ်ခြင်း၌စွဲလန်းကြ၏။ ရှိစေ တော့။-
သို့ဖြစ်၍ထိုသူတို့အတွက်ကြောင့်စိတ်မပူကြ နှင့်၊ သူတို့သည်မျက်မမြင်များကိုလမ်းပြသည့် သူကန်းများဖြစ်ကြ၏။ မျက်မမြင်တစ်ယောက် ကအခြားမျက်မမြင်တစ်ယောက်အားလမ်းပြ ပါမူသူတို့နှစ်ယောက်စလုံးပင်တွင်းထဲသို့ကျ လိမ့်မည်'' ဟုမိန့်တော်မူ၏။
``မွန်မြတ်သောအရာကိုခွေးတို့အားမပေးကြနှင့်။ သို့ပြုပါမူသူတို့သည်လှည့်၍သင်တို့အားကိုက် လိမ့်မည်။ ပုလဲရတနာများကိုဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုပါမူသူတို့သည် ထို အရာတို့ကိုကျော်နင်းသွားကြလိမ့်မည်။
မိမိကိုယ်ကိုဘုရားသခင်၏ဗျာဒိတ်တော် ပြန်ကြားသူဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိညာဉ် ဆုကျေးဇူးရရှိသူဖြစ်သည်ဟူ၍လည်းကောင်း ယူဆသောသူသည် ယခုငါရေးလိုက်သော စကားတို့သည်သခင်ဘုရား၏ပညတ်ဖြစ် ကြောင်းသိမှတ်စေ။-
သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်ဗျာဒိတ် တော်ကိုကြေညာဟောပြောခြင်းငှာလိုလား တောင့်တကြလော့။ သို့ရာတွင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်း ကိုမတားမြစ်ကြနှင့်။-