Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 14:37

Common Language Bible

မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် ပြန်​ကြား​သူ​ဖြစ်​သည်​ဟူ​၍​လည်း​ကောင်း၊ ဝိ​ညာဉ် ဆု​ကျေး​ဇူး​ရ​ရှိ​သူ​ဖြစ်​သည်​ဟူ​၍​လည်း​ကောင်း ယူ​ဆ​သော​သူ​သည် ယ​ခု​ငါ​ရေး​လိုက်​သော စ​ကား​တို့​သည်​သ​ခင်​ဘု​ရား​၏​ပညတ်​ဖြစ် ကြောင်း​သိ​မှတ်​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​ကြား​နိုင်​၏။ အ​မြင့်​ဆုံး​သော​ဘု​ရား​ထံ​တော်​မှ အ​သိ​ပ​ညာ​ကို​ရ​ရှိ​၏။ မျက်​စိ​ပွင့်​လျက်​ဘ​ဝင်​ကျ​နေ​စဉ် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထံ​တော်​မှ ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ​၏။

သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား ``သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​သူ​သည်​ငါ့​စ​ကား​ကို နား​ထောင်​၏။ သင်​တို့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို ပစ်​ပယ်​၏။ ငါ့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ပစ်​ပယ်​သည်'' ဟု​မိန့် တော်​မူ​၏။

သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထင်​သင့်​သည် ထက်​ပို​၍​အ​ထင်​မ​ကြီး​ကြ​စေ​ရန် ငါ​ခံ​စား ရ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် သင်​တို့​အ​ပေါင်း​အား​ငါ​မှာ​ကြား​လို​၏။ သင် တို့​အ​သီး​သီး​တို့​အား​ဘု​ရား​သ​ခင်​ချ ပေး​တော်​မူ​သော​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​မိ​မိ​တို့​ကိုယ်​ကို​သင့်​လျော်​စွာ​ထင် ကြ​လော့။-

ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​နှစ်​ယောက်​သုံး ယောက်​က​ဟော​ပြော​၍ ကျန်​သော​သူ​တို့​က​ထို သူ​တို့​၏​ဟော​ပြော​ချက်​များ​ကို​ဆင်​ခြင် သုံး​သပ်​ကြ​စေ။-

ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် သင်​တို့​ထံ​မှ​ထွက်​လာ​သ​လော။ သို့​တည်း​မ​ဟုတ် သင်​တို့​ထံ​သို့​သာ​လျှင်​နှုတ်​က​ပတ်​တ​ရား တော်​ရောက်​ရှိ​လာ​သ​လော။-

မ​သိ​မှတ်​လျှင်​သူ့​ကို​လည်း​အ​သိ​အ​မှတ်​မ​ပြု ကြ​နှင့်။

ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​သည်​အ​ရာ ခပ်​သိမ်း​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင်​၏။ သို့ ရာ​တွင်​ထို​သူ့​အား​မည်​သူ​မျှ​အ​ကဲ​ဖြတ် ၍​မရ။-

ညီ​အစ်​ကို​တို့၊ အ​မှန်​အား​ဖြင့်​ဆို​သော်​ငါ​သည် သင်​တို့​အား ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ အ​နေ​ဖြင့်​ပြော​ဆို​၍​မ​ဖြစ်။ လော​ကီ​သား​များ သ​ဖွယ်​အ​နေ​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​ယာန်​သက် တွင်​ကလေး​သူ​ငယ်​များ​အ​နေ​ဖြင့်​လည်း​ကောင်း ပြော​ဆို​ရ​၏။-

သင်​တို့​စာ​ရေး​မေး​မြန်း​သည့်​အိမ်​ထောင်​မ​ပြု​ဘဲ နေ​ရေး​ကိစ္စ​နှင့်​ပတ်​သက်​၍​ငါ​ပြော​မည့်​စ​ကား သည် ငါ့​အား​သ​ခင်​ဘု​ရား​မိန့်​တော်​မူ​ချက်​အ​ရ ပြော​သော​စ​ကား​မ​ဟုတ်။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား ၏​က​ရု​ဏာ​တော်​ကြောင့်​ယုံ​ကြည်​ထိုက်​သူ​တစ် ယောက်​အ​နေ​ဖြင့် ငါ​၏​ထင်​မြင်​ချက်​ကို​ဖော်​ပြ လိုက်​ပါ​သည်။

အ​ကယ်​၍​ထို​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​မ​ပြု ဘဲ​နေ​ပါ​က သာ​၍​မင်္ဂ​လာ​ရှိ​၏။ ဤ​ကား​ငါ​၏ ထင်​မြင်​ယူ​ဆ​ချက်​ဖြစ်​၏။ ငါ​သည်​လည်း​ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် သည်​ဟု​ယုံ​ကြည်​၏။

မိ​မိ​ကိုယ်​ကို​အ​သိ​ပ​ညာ​ရှိ​သည်​ဟု​ထင် မှတ်​သူ​သည် အ​မှန်​ပင်​အ​သိ​ပ​ညာ​မ​ရှိ။-

မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​ပြော​ဆို​သူ​တို့​၏​လူ တန်း​စား​တွင်​ငါ​တို့​သည်​မ​ပါ​ဝင်​ဝံ့​ပါ။ သင်​တို့ နှင့်​နှိုင်း​ယှဉ်​ရန်​လည်း​မ​ဝံ့​ပါ။ မိ​မိ​တို့​ကိုယ်​ကို စံ​ထား​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ကဲ​ဖြတ်​သူ​များ သည်​လွန်​စွာ​မိုက်​မဲ​လှ​ပါ​သည်​တ​ကား။-

သင်​တို့​သည်​အ​ပြင်​အ​ပ​လက္ခ​ဏာ​များ​ကို​သာ ကြည့်​ရှု​တတ်​ကြ​၏။ သင်​တို့​အ​နက်​မိ​မိ​ကိုယ် ကို​ခ​ရစ်​တော်​၏​တပည့်​ဖြစ်​သည်​ဟု​စိတ်​ချ​သူ ရှိ​လျှင် ထို​သူ​သည်​ခ​ရစ်​တော်​၏​တ​ပည့်​ဖြစ် သ​ကဲ့​သို့ ငါ​တို့​သည်​လည်း​ခရစ်​တော်​၏​တ​ပည့် များ​ဖြစ်​ကြောင်း​ကို​ပြန်​လည်​စဉ်း​စား​ကြည့် စေ။-

လူ​တစ်​စုံ​တစ်​ယောက်​သည်​သင်​တို့​ထံ​ရောက်​လာ​၍ ငါ​တို့​မ​ကြေ​ညာ​ဘူး​သည့်​အ​ခြား​တစ်​ပါး​သော ယေ​ရှု​၏​အ​ကြောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​ခါ သင်​တို့​သည်​ဝမ်း​မြောက်​စွာ​လက်​ခံ​ခွင့်​ပြု ကြ​၏။ သင်​တို့​သည်​ငါ​တို့​ထံ​မှ​ကြား​သိ​ရ​သည့် သ​တင်း​ကောင်း​နှင့်​လုံး​ဝ​မ​တူ​သည့်​သ​တင်း ကောင်း​ကို​လည်း​ကောင်း၊ ယ​ခင်​က​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​နှင့်​လုံး​ဝ​ကွဲ​ပြား​ခြား​နား သည့်​ဝိ​ညာဉ်​ကို​လည်း​ကောင်း​လက်​ခံ​ကြ​၏။

လူ့​ဇာ​တိ​မြေ​၌​မျိုး​ကြဲ​သော​သူ​သည်​သေ​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​မြေ​၌​မျိုး​ကြဲ​သူ သည်​ဝိ​ညာဉ်​တော်​မှ ထာ​ဝ​ရ​အ​သက်​ကို​ရိတ်​သိမ်း ရ​လိမ့်​မည်။-

သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘက် တော်​သား​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ သော​သူ​သည်​ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​မ​ဟုတ်​သူ​မူ ကား​ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ သို့​လျှင်​ငါ​တို့​သည်​သမ္မာ​ဝိ​ညာဉ်​နှင့်​မိစ္ဆာ ဝိ​ညာဉ်​ကို​ခွဲ​ခြား​၍​သိ​ရှိ​နိုင်​ကြ​၏။

သို့​ရာ​တွင်​ချစ်​ဆွေ​တို့၊ ငါ​တို့​အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​၏​တ​မန်​တော်​များ​က၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ