ထို့ကြောင့်လူတိုင်းမိမိကိုယ်ကိုစစ်ဆေးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှစပျစ်ရည်ကိုသောက် စေ။-
ငါတို့သည်မိမိတို့လမ်းစဉ်ကိုစစ်ဆေးကာ ထာဝရဘုရားထံတော်သို့ပြန်လာကြ ကုန်အံ့။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``မိမိ တို့ကြုံတွေ့နေရသည့်အဖြစ်အပျက်ကို သင်တို့မသိမမြင်ကြသလော။-
အဘယ်ကြောင့်ဤသို့ဖြစ်ပျက်ရသည်ကို သင်တို့မသိမမြင်နိုင်ကြပါသလော။-''
တပည့်တော်တို့သည်လွန်စွာစိတ်မချမ်းမသာဖြစ် ကြလျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ် ဦးနောက်တစ်ဦးမေးလျှောက်ကြ၏။
မုန့်ကိုစား၍ခွက်ဖလားမှစပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ကိုယ်ခန္ဓာ အနက်အဋ္ဌိပ္ပါယ်ကိုမသိနားမလည်သော သူသည် မိမိအပေါ်အပြစ်ဒဏ်ကျရောက် စေရန်စားသောက်သူဖြစ်၏။-
ငါတို့သည်မိမိတို့ကိုယ်ကိုပထမဦးစွာစစ် ဆေးကြမည်ဆိုပါမူ ဤသို့ဘုရားသခင်၏ စီရင်တော်မူခြင်းကိုခံရကြလိမ့်မည်မဟုတ်။-
သင်တို့သည်ယုံကြည်ခြင်း၌တည်ကြည်သူများ ဟုတ်မဟုတ် မိမိတို့ကိုယ်ကိုဆန်းစစ်ကြလော့။ ဤ သို့အစစ်အဆေးခံရာတွင်အောင်မြင်ပါမူ သင် တို့သည်မိမိတို့စိတ်နှလုံးအတွင်း၌ ခရစ်တော် ကိန်းအောင်းတော်မူကြောင်းအသေအချာသိရှိ ကြမည်။-
လူတိုင်းပင်မိမိ၏အပြုအမူကိုစစ်ကြော အပ်၏။ မိမိ၏အပြုအမူသည်ကောင်းမွန်ပါက ဂုဏ်ယူဝါကြွားနိုင်ပေသည်။-