သို့ဖြစ်၍မရိုမသေဘဲသခင်ဘုရား၏မုန့် ကိုစား၍ ကိုယ်တော်၏ခွက်ဖလားမှစပျစ် ရည်ကိုသောက်သောသူမည်သည်ကား သခင် ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။-
တစ်စုံတစ်ယောက်သည်ဘာသာရေးထုံးနည်းအရ သန့်စင်လျက်နှင့် ခရီးမလွန်ဘဲရှိလျက်နှင့် ပသခါပွဲခံချိန်တွင်ငါ့အားပူဇော်သကာမဆက်သလျှင် ထိုသူ့ကိုငါ၏လူမျိုးတော်အထဲမှထုတ်ပယ်ရမည်။ သူသည်မိမိ၏အပြစ်အလျောက်ဒဏ်ခံရမည်။
``မင်းကြီးသည်ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံ ကိုဝတ်ဆင်မထားသူလူတစ်ယောက်ကိုမြင် တော်မူသဖြင့် `အဆွေသင်သည်ပွဲထိုင်ဝတ်စုံ ကိုမဝတ်မဆင်ဘဲအဘယ်ကြောင့်လာပါ သနည်း' ဟုမေးတော်မူ၏။-
ငါသည်ကောင်းကင်ဘုံမှဆင်းသက်သည့်အသက် အာဟာရဖြစ်၏။ ထိုအစာအာဟာရကိုမှီဝဲသူ သည်အစဉ်ထာဝရအသက်ရှင်လိမ့်မည်။ ငါပေး မည့်အစာအာဟာရသည် ကမ္ဘာသူကမ္ဘာသားတို့ အသက်ရှင်နိုင်ကြစေရန်ပေးသောငါ၏အသား ပေတည်း'' ဟုမိန့်တော်မူ၏။
သင်တို့သည်သခင်ဘုရား၏ခွက်ဖလားမှ စပျစ်ရည်ကိုသောက်၍ နတ်မိစ္ဆာ၏ခွက်ဖလား မှစပျစ်ရည်ကိုလည်းမသောက်နိုင်။ သခင် ဘုရား၏စားပွဲတော်၌စား၍နတ်မိစ္ဆာများ ၏စားပွဲ၌လည်းမစားနိုင်။-
မုန့်ကိုစား၍ခွက်ဖလားမှစပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ကိုယ်ခန္ဓာ အနက်အဋ္ဌိပ္ပါယ်ကိုမသိနားမလည်သော သူသည် မိမိအပေါ်အပြစ်ဒဏ်ကျရောက် စေရန်စားသောက်သူဖြစ်၏။-
ဘုရားသခင်၏သားတော်ကိုရှုတ်ချ၍ မိမိ အားအပြစ်မှသန့်စင်စေသည့်ပဋိညာဉ် တရားဆိုင်ရာသွေးတော်ကိုမထီမဲ့မြင် ပြုလျက် ကျေးဇူးတော်ကိုပေးသည့်ဝိညာဉ် တော်ကိုစော်ကားသောသူမူကား အဘယ်မျှ ကြီးလေးသောအပြစ်ဒဏ်ခံရမည်ကို စဉ်းစား၍ကြည့်ကြလော့။-